ဘေရွတ်မြို့ပေါက်ကွဲမှုမှာ ပျက်စီးခဲ့တဲ့ စားသောက်ဆိုင်အတွက် ငွေလှူခဲ့တဲ့ရပ်ဆဲလ်ခရိုး

14-8-2020-yyl-003.jpg

တုန်လှုပ်ချောက်ချားစရာ ဘေရွတ်မြို့ပေါက်ကွဲမှုကြောင့် ပြိုလဲ၊ ပျက်စီးခဲ့တဲ့ အဆောက်အအုံတွေထဲမှာ နာမည်ကျော်စားသောက်ဆိုင်တစ်ဆိုင်လည်း ပါဝင်နေပါတယ်။ Le Chef စားသောက်ဆိုင်က ပေါက်ကွဲမှုဖြစ်ပွားရာနေရာနဲ့ အနီးဆုံးခရိုင်မှာ တည်ရှိတာပါ။ Le Chef စားသောက်ဆိုင်ကို ပြင်ဆင်တည်ဆောက်ဖို့အတွက် ရုပ်ရှင်ဒါရိုက်တာ အက်မန်ဒါဘိုင်လီနဲ့ ဂျာနယ်လစ် ရစ်ချက်ဟောတို့က ရန်ပုံငွေလှုပ်ရှားမှု စတင်ခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာ ၁၃၀၀၀ ရဖို့ပဲ ရည်မှန်းခဲ့ပေမဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ရက်ဆဲလ်ခရိုးက ရက်ရောစွာနဲ့ အမေရိကန်ဒေါ်လာ ၅၀၀၀ လှူဒါန်းပေးခဲ့လို့ တစ်ရက်အတွင်းမှာပဲ ရန်ပုံငွေ ၁၃၀၀၀ ပြည့်သွားခဲ့ပါတယ်။ ဒါပေမဲ့ Le Chef စားသောက်ဆိုင်ကို ပြန်မဖွင့်နိုင်သေးမချင်း စားသောက်ဆိုင်ဝန်ထမ်းတွေကို ထောက်ပံ့ပေးဖို့အတွက် ရန်ပုံငွေလက်ခံသွားမယ်လို့ ရန်ပုံငွေအစီအစဉ် စတင်သူတွေက ပြောပါတယ်။

ဘေရွတ်မြို့ ဆိပ်ကမ်းမှာ မလုံမခြုံ သိုလှောင်ထားတဲ့ အမိုးနီးယန်းနိုက်ထရိတ် ၂၇၀၀ ကျော်ကြောင့် ဖြစ်ပွားခဲ့တဲ့ သြဂုတ်လ ၄ ရက် ပေါက်ကွဲမှုဟာ ဘေရွတ်မြို့တစ်မြို့လုံးကို တုန်ခါသွားစေပြီး သေဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၅၀၀၀ ကျော် ရှိခဲ့ပါတယ်။

Ref: BBC “Beirut explosion: Russell Crowe donates to Le Chef restaurant”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply