မီးလောင်နေချိန်မှာ သခင်ကို အသက်ကယ်ခဲ့တဲ့ ခွေးမလေး

1-12-2022-yyl-03.jpg

ခွေးမလေး မွန်ရိုးသာ လာမနှိုးရင် ရီဗယ် အသက်ရှင်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ရီဗယ်က ဘောလုံးပွဲကြည့်နေရင်း မှေးခနဲ အိပ်ပျော်သွားခဲ့တာပါ။ ခွေးမလေး မွန်ရိုးက သူ့မျက်နှာကို လျှာနဲ့ယက်ပြီး အော်နေလို့ နိုးလာချိန်မှာတော့ တအိမ်လုံး မီးခိုးတွေ ဖုံးနေပါပြီ။ ကောင်းကောင်းလည်း မမြင်ရ၊ အသက်ရှူလည်း ကောင်းကောင်းမဝ ဖြစ်နေလို့ ရီဗယ်လည်း ခွေးမလေး မွန်ရိုးကို ပွေ့ချီပြီး အခန်းထဲကနေ ပြေးထွက်လာခဲ့တာပါ။

” တကယ့်ကို လက်မတင်လေး လွတ်မြောက်ခဲ့တာပါ။ တော်တော်ကံကောင်းတယ်။ သူ (မွန်ရိုး)သာ မရှိရင် ကျွန်တော် အသက်မရှင်နိုင်လောက်ဘူးထင်တယ်” လို့ ရီဗယ်က ဆိုပါတယ်။ မီးလောင်လို့ ရီဗယ်ရဲ့အိမ်တစ်ခုလုံး ရစရာမရှိအောင် ပျက်စီးခဲ့ပေမဲ့ သူ အသက်ရှင် လွတ်မြောက်ခဲ့တာပဲ ဝမ်းသာစရာ ဖြစ်နေပြီလို့ သူက ပြောပါတယ်။

”ပစ္စည်းတွေ မီးထဲ ပါသွားတာကိစ္စမရှိဘူး။ အဲဒါတွေက အစားထိုးလို့ ရတယ်။ မွန်ရိုးကို အစားပြန်မရနိုင်သလို ကျွန်တော့်အသက်ကလည်း အစားပြန်မရနိုင်ပါဘူး။ ဘဝအတွက် အဖိုးတန်တဲ့ အတွေ့အကြုံတစ်ခု ရလိုက်တာပါပဲ” လို့ ရီဗယ်က ဆိုပါတယ်။ ရီဗယ်ဟာ အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ် ဝိုင်ချီတာမြို့မှာ နေထိုင်သူပါ။

Ref: ‘She’s My Hero’: Dog Saves Owner’s Life During House Fire That Destroyed Entire Home

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top