လွန်ခဲ့တဲ့ (၁၄) နှစ်က ပျောက်သွားတဲ့ပိုက်ဆံအိတ်ကို ပြီးခဲ့တဲ့လကမှ ပြန်တွေ့ခဲ့တဲ့အမျိုးသား တစ်ဦး

14-8-2020-yyl-004.jpg

လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ပျောက်သွားခဲ့တဲ့အရာတစ်ခုကို မကြာသေးခင်ကမှ ပြန်တွေ့ခဲ့မယ်ဆိုရင် သင် ဘယ်လိုဖြစ်သွားမလဲ။ အိန္ဒိယနိုင်ငံက အသက် (၄၂) နှစ်အရွယ် ဟာမတ် ပါဒယ်ကာ (Hermant Padalkar) ဆိုတဲ့အမျိုးသားဟာ လွန်ခဲ့တဲ့ (၁၄) နှစ်က ပိုက်ဆံအိတ်ပျောက်သွားတယ်လို့ သူ တိုင်ခဲ့တဲ့ The Government Railway Police (GPR) ကနေ မမျှော်လင့်ထားတဲ့သတင်းပို့ချက်ကို လက်ခံရရှိခဲ့ပါတယ်။ သူ့ကို GRP က အကြောင်းကြားခဲ့တာကတော့ လွန်ခဲ့တဲ့ (၁၄) နှစ်က ပျောက်သွားတဲ့ပိုက်ဆံအိတ်ကို ပြန်ရှာတွေ့ခဲ့ပြီဆိုတာပါပဲ။ ဟာမတ်ဟာ ၂၀၀၆ခုနှစ်က ရထားနဲ့ခရီးထွက်ရင်း Vashi အနီးနားမှာ ပိုက်ဆံအိတ်ပျောက်နေတာကို သတိပြုမိခဲ့တာပါ။ ပိုက်ဆံအိတ်ပျောက်မသွားခင်က သူ့ပိုက်ဆံအိတ်မှာ ပိုက်ဆံ ရူပီး ၉၀၀ တန်နဲ့ ရူပီး ၅၀၀ တန်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလကမှ GRP က ဟာမတ်ကို ပျောက်နေတဲ့ပိုက်ဆံအိတ်ပြန်ရှာတွေ့ခဲ့ပြီလို့ ပြောခဲ့ပါတယ်။ ဟာမတ်ဟာ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက ပိုက်ဆံအိတ်ပျောက်သွားတယ်လို့ သိလိုက်တဲ့အခါမှာ ချက်ချင်းပဲ ရဲစခန်းကို တိုင်ခဲ့တာဖြစ်ပါတယ်။ သူက အာဏာပိုင်တွေနဲ့အတူ ပိုက်ဆံအိတ်ကို အဆက်မပြတ်ရှာနေခဲ့ပေမယ့် မျှော်လင့်ချက်တွေပျောက်ဆုံးခဲ့ပြီး ပိုက်ဆံအိတ်ရှာနေတာကို စွန့်လွှတ်ခဲ့ပါတော့တယ်။ “ကျွန်တော် ပိုက်ဆံအိတ်ကို ရှာတွေ့ဖို့ အသည်းအသန်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လအနည်းငယ်ကြာတော့ အဲဒီကိစ္စကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။ ဧပြီလမှာတော့ ပိုက်ဆံအိတ်ရှာတွေ့တာနဲ့ ပတ်သက်ပြီး GRP ကနေ ဖုန်းလက်ခံရရှိခဲ့တဲ့အချိန်မှာ ကျွန်တော် တကယ်ကို အံ့အားသင့်သွားခဲ့တာပါ”လို့ ဟာမတ်က ပြောပါတယ်။

ဟာမတ်က ကပ်ရောဂါကြောင့် Lockdown ချထားတဲ့အတွက် GRP ရဲစခန်းကို ချက်ချင်းမသွားနိုင်ခဲ့ပါဘူး။ သူ GPR ရုံးကို ရောက်သွားတဲ့အချိန်မှာ သူတို့တွေက ပိုက်ဆံအိတ်ကိုပဲ ပေးနိုင်မှာဖြစ်ပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံက တရားဝင်မဝင်တော့တာကြောင့် သူ့ရဲ့ရူပီး ၅၀၀ ပြန်ပေးလို့မရဘူးလို့ ရဲအရာရှိတစ်ဦးက ရှင်းပြခဲ့ပါတယ်။ အာဏာပိုင်တွေက ငွေစက္ကူတွေကို လဲလှယ်လို့ရနိုင်လားလို့ Reserve Bank ကို ဆက်သွယ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ သူတို့ဆီကနေ တုံ့ပြန်မှုကို မရရှိသေးဘူးလို့ ဆိုပါတယ်။

Ref: WorldofBuzz “Railway Police Recover Man’s Stolen Wallet After He Reported It Missing 14 Years Ago!”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top