မက်ဆီကို ကျော်ဖြတ်ပြီး Fifa ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒို

fifaawards231017zf.jpg

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ ဖီဖာဆုပေးပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၂၀၁၇ ဖီဖာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ရီးရဲလ် မက်ဒရစ်နဲ့ ပေါ်တူဂီတိုက်စစ်မှူးဖြစ်သူ ရော်နယ်လ်ဒိုဟာ ဒီဆုကို ဘာဆီလိုနာကစားသမား လီယွန်နယ်မက်ဆီနဲ့ PSG ကစားသမား နေမာတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၂၀၁၆-၂၀၁၇ ရာသီမှာ လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလား ဖလား ၂ လုံး ရအောင် ကူညီခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ နယ်သာလန်မှ အမျိုးသမီး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ လီကီမာတန် (Lieke Martens) က FIFA ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးကစားသမားဆုကို ရရှိခဲ့ပြီး ရီးလ်ရဲလ်နည်းပြ ဇီနီဒင်း ဇီဒန်းကတော့ Fifa ကမ္ဘာ့အကောင်းဆုံး အမျိုးသားဆုကို ဆွတ်ခူးခဲ့ပြီး နယ်သာလန်နည်းပြ ဆရီနာ ဝိဒ်မန်း ကတော့ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး နည်းပြဆုကို ဆွတ်ခူးခဲ့ပါတယ်။ အာဆင်နယ်အသင်းမှ အိုလီဗီယာ ဂီရောဒ်က ဇန်နဝါရီလကခရစ္စတယ်ပဲလေနဲ့ ပွဲစဉ်မှာ ကန်သွင်းခဲ့တဲ့ စကော်ပီယန် ကန်ချက်ကြောင့် ၂၀၁၇ အကောင်းဆုံး ပူစ်ခတ် ဆုကို ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဂိုးသမားဆုကိုတော့ ဂျူဗင်တပ်အသင်းကို ၆ နှစ်ဆက်တိုက် လိဂ်ဖလားရအောင် ကူညီပေးခဲ့ပြီး ၆၀၀ မိနစ်တိတိ ပေးဂိုးမရှိအောင်ကာကွယ်ပေးခဲ့တဲ့ ဂိုးသမား ဘူဖွန်က ဆွတ်ခူးခဲ့ပါတယ်။

Ballon d’Or ဆုနဲ့ FiFa အကောင်းဆုံး ဆုတို့ကြားဘာကွာခြားသလဲ။

FIFA အကောင်းဆုံး ကစားသမားဆုဟာ Ballon d’Or ဆု နဲ့ မတူပါဘူး။ Ballon d’Or ဟာ ပြင်သစ် အဓိပ္ပါယ်အရ Golden Ball လို့ အဓိပ္ပါယ်ရပြီး ၁၉၅၆ ခုနှစ်ကတည်းက ပြင်သစ်ဘောလုံး မဂ္ဂဇင်းက ချီးမြှင့်ခဲ့တဲ့ ကမ္ဘာအကောင်းဆုံး ဆုတစ်မျိုးဖြစ်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်းမှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက FIFA နဲ့သဘောတူညီမှု တစ်ခုပြုလုပ်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဆုကို ပေါင်းစည်းကာ FIFA Ballon d’Or ဆုတံဆိပ်အနေနဲ့ ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ FIFA နဲ့ ပြင်သစ်ဘောလုံး မဂ္ဂဇင်းတို့ပေါင်းစည်းမှုက ၂၀၁၆ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့အတွက် FIFA ကသတ်သတ်၊ Ballon d’Or က သတ်သတ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေကို ဆုချီးမြှင့်နေတာဖြစ်ပါတယ်။ FIFA က ချီးမြှင့်တဲ့ ဆုမှာဆိုရင် အကောင်းဆုံး ကစားသမားကို ရွေးချယ်ပုံက နိုင်ငံအသင်း ခေါင်းဆောင်များနဲ့ မန်နေဂျာများရဲ့ ထောက်ခံချက်များ၊ ဂျာနယ်လစ်များနဲ့ ဘောလုံးပရိတ်သတ်များရဲ့ မဲပေးရွေးချယ်မှုနဲ့ ရွေးချယ်တာ ဖြစ်ပါတယ်။

FIFA ကမ္ဘာ့အကောင်းဆုံး ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို

၂၀၁၇ ခုနှစ်ဟာ ရော်နယ်ဒိုအတွက်တော့ ဂုဏ်ယူဖွယ်ရာ နှစ်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီကို ဖလားရအောင် ကူညီပေးခဲ့တဲ့အတွက် Fifa best male player award ကိုလည်း ၂၀၁၇ ဇန်နဝါရီလ ၉ ရက်နေ့မှာ ပထမဦးဆုံး ဆွတ်ခူးထားလို့ပါ။

ရော်နယ်ဒိုလ်ဟာ ၂၀၁၇ ဇွန်လ  ၃ ရက်နေ့၊ ဂျူဗင်တပ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပြိုင်ပွဲမှာလည်း ၄-၁ နဲ့ အနိုင်ရအောင် ကစားပေးခဲ့ပြီး သူတစ်ဦးတည်း ၂ ဂိုးသွင်းခဲ့ကာ ရီးရဲလ်အသင်းကို ၁၂ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရအောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၁၆ – ၂၀၁၇ ဘောလုံးရာသီမှာ ရီးရဲလ် အသင်း လာလီဂါဖလားရအောင် အဓိက ကူညီပေးခဲ့ပြီး ဒီဖလားဟာ ၂၀၁၁ -၂၀၁၂ ရာသီနောက်ပိုင်း ရီးရဲလ်အသင်းပထမဆုံးရခဲ့တဲ့ လာလီဂါ ဖလားလည်း ဖြစ်ပါတယ်။

“ကျွန်တော်ဟာ နှစ်နှစ်ဆက်တိုက် ဒီဆုကို ရခဲ့ပါတယ်။ အခုအချိန်ဟာ ကျွန်တော်အတွက် အပျော်ဆုံးအချိန်ပါပဲ ” လို့ ရော်နယ်ဒိုက လန်ဒန်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပွဲလာပရိတ်သတ်ကို ပြောကြားခဲ့ပါတယ်။

Ref Sports : Cristiano Ronaldo win Fifa best male player award

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top