Metal body နဲ့ V7+ ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ

v_large.jpg

Vivo ရဲ့ နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ V7+ ဟာ လက်ရှိအချိန်မှာ ရေပန်းစား လူကြိုက်များတဲ့ smart phone အမျိုးအစား ဖြစ်နေပါတယ်။ V7+ ဟာ လူငယ်တွေအတွက် ဦးတည်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အလျောက် လူငယ်တွေ လိုအပ်တဲ့ requirement တွေ အတော်လေးကို စုံစုံလင်လင် ပါဝင်တာကိုလည်း တွေ့ရမှာပါ။

24MP အရှေ့ကင်မရာ၊ FullViewTM Display တို့ ပါဝင်တဲ့ V7+ ဟာ Selfie ရိုက်ကူးချင်သူတွေအတွက် သင့်တော်တဲ့ စမတ်ဖုန်းဖြစ်ပေမယ့် တကယ်တမ်း power user တွေအတွက်တော့ စဉ်းစားသင့်တယ်လို့ အချို့က သုံးသပ်ရေးသားကြတာတွေလည်း တွေ့ရပါတယ်။

V7+ မှာ အသုံးပြုထားတဲ့ CPU က snapdragon 450 ပဲသုံးထားတယ်၊ Full HD မရဘူး၊ ဘက်ထရီကလည်း 3225 mAh ပဲသုံးထားတယ်၊ ကိုယ်ထည်ကလည်း ပလတ်စတစ်ပဲ သုံးထားတယ် စတဲ့ အချက်တွေကြောင့် ဈေးကြီးတယ်လို့ ထောက်ပြကြပါတယ်။

တစ်ဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ 24MP အရှေ့ကင်မရာ၊ F/2.0 with moonlight selfie, နောက်ခံဝေဝါးပေးတဲ့ စနစ်တွေနဲ့တင် စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပါပဲ။ ဒီ mega pixel အရည်သွေးက ကမ္ဘာမှာ ပထမဆုံးနဲ့ အများဆုံးပါပဲ။ V7+ နဲ့ ဈေးနှုန်းချင်း သိပ်မကွာတဲ့ အခြားဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင် 24MP က ပိုပြီးရွေးချယ်သင့်တယ်လို့ ဆိုရမှာပါ။

FullViewTM Display က ကိုယ်ထည်ရဲ့ 84.4 % နှုန်းကို ရယူထားပြီး 5.99 လက်မ အထိ ကျယ်ပြန့်မှုကို ရရှိထား တဲ့အတွက်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ (ကိုယ်ထည်ပေါ်က မျက်နှာပြင်အချိုးဟာ လက်ရှိအချိန်မှာ အခြား smart phone တွေထက် ပိုပြီးများပြားတဲ့ပမာဏနဲ့ ဦးဆောင်နေပါတယ်) FullView မှာ မြင်ရတဲ့ မြင်ကွင်းအချိုးကလည်း (18:9) ဖြစ်သွားတော့ ကြည့်ရတာ ပိုပြီးကျယ်ပြန့်တဲ့ ခံစားချက်ကို ရစေပါတယ်။ မျက်နှာပြင်ကျယ်ကျယ် သုံးချင်တဲ့သူတွေအတွက်ဆိုရင်တော့ ဒီအချက်ကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ပါပဲ။

နောက်တစ်ချက်က V7+ မှာသုံးထားတဲ့ CPU ပါ။ smapdragon 450 က သင့်တင့်မျှတတဲ့ စွမ်းဆောင်ရည်ကို ပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဂိမ်းကစားဖို့ပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်နှစ်ခု တစ်ပြိုင်နက် လုပ်ဖို့ပဲဖြစ်ဖြစ် စမတ်ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ စွမ်းဆောင်ရည်အတွက် လုံလောက်နေပါပြီ။

ဘက်ထရီပိုင်းလည်း ဒီလိုပါပဲ။ 3225 mAh ပဲသုံးထားတယ်ဆိုပေမယ့် တကယ်တမ်း သုံးကြည့်ရင် V7+ ဟာ ဘက်ထရီအစားသက်သာပြီး အရင်တုန်းက ထုတ်ကုန်တွေထက် အချိန်ကြာကြာပိုသုံးလို့ရတာကို တွေ့ရပါတယ်။ ဒီအတွက် စိုးရိမ်စရာမလိုပါဘူး။

အတော်များများ ပြောနေကြတဲ့ တစ်ချက်လည်း ရှိပါသေးတယ်။ ဒါကတော့ V7+ ရဲ့ ကိုယ်ထည်ကို ပလတ်စတစ်နဲ့ လုပ်ထားတယ်ဆိုတဲ့အချက်ပါ။ တကယ်တော့ V7+ ရဲ့ ကိုယ်ထည်ကို polycarbonate metal frame နဲ့ ပြုလုပ်ထားတာပါ။ Polycarbonate metal ဟာ ပေါ့ပါးပြီး ခိုင်ခံ့သလို အပူချိန် 140˚C အထိ ခံနိုင်ရည်ရှိပါတယ်။ ပေါ့ပါးပြီး မာကျောမှုလည်း ရှိပါတယ်။ ဒါကြောင့် V7+ ဟာ သိသိသာသာ ပေါ့ပါးနေတာကို တွေ့ရတာ ဖြစ်ပါတယ်။

V7+ ရဲ့ fingerprint စနစ်ကလည်း 0.2 စက္ကန့်အတွင်းမှာ lock ဖွင့်နိုင်သလို Face Access ကလည်း မြန်ဆန်စွာနဲ့ Lock ဖွင့်ပေးနိုင်တာကို တွေ့ရပါတယ်။ ဒီလိုအချက်တွေကလည်း ဆွဲဆောင်မှုအားကောင်းတဲ့ အချက်တွေ ဖြစ်ပါတယ်။ ကိုယ်ထည်ကလည်း 7.7 mm ဖြစ်ပေမယ့် လုံးဝန်းတဲ့ အချိုးအကွေးဖြစ်အောင်ပြုလုပ်ထားတာကြောင့် ကိုင်ဆောင်ရတာ ပိုချောမွေ့သွားပြီး ပိုပါးသွားတယ်လို့ ခံစားရပါတယ်။

V7+ မှာ ကောင်းမွန်တဲ့ တခြား အားသာချက်တွေ၊ တခြား feature တွေလည်း ပါဝင်နေသေးပေမယ့် အထက်မှာ ဖော်ပြခဲ့တာတွေကတော့ အခြေခံအားဖြင့် သိရှိထားသင့်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေကို သဘောကျမယ်ဆိုရင်တော့ V7+ ဟာ ဝယ်ပျော်၊ သုံးပျော်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top