လီဗာပူးအသင်း ချန်ပီယံ မဖြစ်နိုင်ဘူးလို့ မန်ယူကစားသမားတွေကို ဆိုးလ်ရှား ပြောခဲ့

ss1.jpg

လီဗာပူးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ မန်ယူအသင်း ယာယီနည်းပြ ဆိုးလ်ရှားက လီဗာပူးအသင်း ချန်ပီယံဖြစ်နိုင်တဲ့ အစွမ်းအစမရှိဘူးလို့ သူရဲ့ကစားသမားတွေကို ပြောခဲ့ကြောင်း သတင်းထွက်နေပါတယ်။

ဒဏ်ရာပြဿနာကြောင့် အဓိကကစားသမားတချို့ မပါဝင်နိုင်ခဲ့တဲ့ မန်ယူဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးနဲ့ ဂိုးမရှိသရေပွဲ ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ ဆိုးလ်ရှားက လီဗာပူးအသင်း စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ”ဆိုးလ်ရှားက လီဗာပူးနဲ့ပတ်သက်ပြီး ကစားသမားတွေကို ခပ်ပြတ်ပြတ်ပြောခဲ့ပါတယ်။ လီဗာပူးက မန်စီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လောက်တဲ့ အစွမ်းအစ မရှိဘူးလို့ သူက ပြောပါတယ်။ လီဗာပူးက သမားရိုးကျ နည်းလမ်းတစ်ခုတည်းနဲ့ သွားနေပြီး ဖန်တီးနိုင်စွမ်း မရှိဘူးလို့ ထင်နေပါတယ်။ လီဗာပူးထက်စာရင် သူ့အသင်းက ပိုကောင်းတယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်”လို့ မန်ယူအသင်း သတင်းရင်းမြစ်က The Sun သတင်းစာကို ပြောခဲ့ပါတယ်။

လီဗာပူးဟာ အဲဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၆၅) ရာခိုင်နှုန်းရှိခဲ့ပေမဲ့ ဂိုးပေါက်တည့်တဲ့ကန်ချက် တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။ မန်ယူနဲ့ သရေကျခဲ့တဲ့ လီဗာပူးဟာ လက်ကျန်ပွဲစဉ် (၁၁) ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ မန်စီးတီးထက် တစ်မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top