ကျန်းမာရေး ဝန်ထမ်းတွေအတွက် စုစုပေါင်း သိန်း ၂၇၀ တန်ဖိုးရှိ ဆေးတွေ လှူဒါန်းခဲ့တဲ့ဘီတာဒိုင်း

yyyyy.jpg

ကိုရိုနာဗိုးရပ်စ် ကပ်ရောဂါကြီးဟာ တဖြည်းဖြည်းပိုပိုပြီး ကြောက်ဖို့ကောင်းလာသလို လူတွေရဲ့ နေ့စဉ်လူနေမှုဘဝကို နှောက်ယှက်ဖျက်ဆီးလာခဲ့ပါပြီ။ လက်ရှိမှာတော့ တစ်ကမ္ဘာလုံးက အစိုးရတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလက်တွဲပြီး ဒီကပ်ရောဂါဆိုးကြီးကို ရွပ်ရွပ်ချွံချွံလက်တွဲတိုက်ထုတ်နေကြရတာပါ။ အများပြည်သူတွေအနေနဲ့လည်း အစိုးရရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာပြီး အပြန်အလှန်ဖေးမကူညီရင်း ရေရှည်တိုက်ပွဲဝင်ရမယ့် ကာလရှည်ကြီးကို ဖြတ်ကျော်နေကြတာလည်းဖြစ်ပါတယ်။

အခုလို အခြေအနေတွေထဲမှာ ရှေ့တန်းကနေ အနစ်နာခံပြီး ကပ်ရောဂါကို ရင်ဆိုင်ကာကွယ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တစ်နိုင်ငံလုံးက လေးစားဦးညွတ်နေကြသလို ကျန်းမာရေးဝန်ထမ်းတွေအတွက် တတ်နိုင်သမျှအကူအညီတွေပေးနေကြတာလည်းဖြစ်ပါတယ်။ ဘီတာဒိုင်းကလည်း တစ်ဖက်တစ်လမ်းက တတ်အားသမျှ အကူအညီပေးတဲ့အနေနဲ့ ဘီတာဒိုင်းဆေးတွေကို ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လိုက်လံလှူဒါန်းခဲ့တာတွေ့ရပါတယ်။

Covid -19 ကပ်ရောဂါကြီးနဲ့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ပြီး ပြည်သူတွေရှေ့က မားမားမတ်မတ်ကာကွယ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဘီတာဒိုင်းက ခံတွင်းနဲ့ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ပိုးတွေမဝင်အောင် ကာကွယ်ပေးနိုင်တဲ့ ဆေးတွေဖြစ်တဲ့ ပလုပ်ကျင်းဆေးရည်နဲ့ နှာခေါင်းဖျန်းဆေး (လူကြီး/ကလေး) တွေကို လိုက်လံလှူဒါန်းခဲ့ပါတယ်။ လှူဒါန်းရာမှာလည်း ကျန်းမာရေးဝန်ထမ်းများအတွက် ပလုပ်ကျင်းဆေးရည်နဲ့ နှာခေါင်းဖျန်းဆေး (လူကြီး) ကို လှူဒါန်းပြီး အိမ်က မိသားစုတွေအတွက်ပါ ကာကွယ်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်းများရဲ့ ကလေးငယ်တွေအတွက်ပါ ဘီတာဒိုင်း နှာခေါင်းဖျန်းဆေး (ကလေး)ကိုပါ တစ်ပါတည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ Betadine မှာ ပါဝင်တဲ့ ပိုဗီဒုန်း အိုင်အိုဒင်း ဟာ SARS-CoV and MERS-CoV ကဲ့သို့ Corona virus ကို ပိုးသတ်အာနိသင် ထိရောက်မှုရှိကြောင်းလည်း ဆေးပညာ လေ့လာချက်အဖြေတွေ ထွက်ရှိထားပါတယ်။

အခုလို သွားရောက်လှူဒါန်းခဲ့တာကို အများပြည်သူတွေ သာဓုခေါ်ဆိုနိုင်ဖို့အတွက် ဘီတာဒိုင်းက Facebook Page ကနေ အလှူသတင်းတွေ ဖော်ပြပေးထားခဲ့ပါတယ်။ ဘီတာဒိုင်းဟာ ပြီးခဲ့တဲ့ ဧပြီလ (၄)ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မန္တလေး ပြည်သူ့ဆေးရုံကြီးနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွေက ကျန်းမာရေးဝန်ထမ်းတွေအတွက် သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဧပြီလ (၈) ရက်နေ့မှာ ဝေဘာဂီဆေးရုံ၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊အင်းစိန် ပြည်သူ့ဆေးရုံကြီး နဲ့ မန္တလေး ခုတင် (၃၀၀) ဆေးရုံကြီးတွေကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဘီတာဒိုင်းက ပြီးခဲ့တဲ့လအတွင်း ဆေးရုံအသီးသီး ကိုသွားရောက်ကာ ခံတွင်းနဲ့ အသက်ရှူလမ်းကြောင်းကို ကာကွယ်ပေးနိုင်တဲ့ ဘီတာဒိုင်းဆေးတွေကို စုစုပေါင်း သိန်း ၂၇၀ ဖိုး လှူဒါန်းခဲ့တာပါ။ လက်ရှိမှာတော့ ဖော်ပြပါ ဆေးရုံတွေကို လှူဒါန်းခဲ့တာ ဖြစ်ပြီး ဆက်လက်ပြီးတော့လည်းတခြားသော လိုအပ်နေတဲ့ နယ်ဆေးရုံတွေ အထိ လိုက်လံလှူဒါန်းသွားဖို့လည်းရှိနေတယ်လို့လည်းသိရပါတယ်။

Covid-19 ရောဂါပိုးဟာ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးဖြစ်တာကြောင့် လက်ဆေးတာနဲ့ mask တပ်တာက အရေးအကြီးဆုံး ကာကွယ်နည်းတွေဖြစ်သလို အသက်ရှုလမ်းကြောင်းနဲ့ ခံတွင်းကိုလည်း ပိုးတွေမဝင်နိုင်အောင် ကာကွယ်ဖို့ကလည်း အဓိကကျပါတယ်။ ရိုးရာလေး ပရိသတ်တွေ အားလုံးလည်း Covid-19 ကပ်ရောဂါ ကူးစက်ခြင်းမခံရဖို့ ဂရုစိုက်ကာကွယ်ရင်းနဲ့ ကူးစက်ရောဂါကွင်းဆက်ပြတ်စေဖို့ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းရင်း ဒီကပ်ဘေးကနေ အမြန်ဆုံး ကင်းလွတ်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Team (ရိုးရာ‌လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top