ဗြိတိန်အမျိုးသားကျန်းမာရေးဌာနနဲ့ ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေပိုရဖို့ ဘောလုံးအမှတ်တရပစ္စည်းတွေ လေလံတင်ရောင်းချခဲ့တဲ့ ဂျွန်တယ်ရီ

22-4-2020-yyl-013.jpg

ဗြိတိန်အမျိုးသားကျန်းမာရေးဌာနနဲ့ Make-A-Wish ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ပေါင် ၂၅၀၀၀၀ တိုးမြှင့်ရရှိစေဖို့အတွက် ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက သူစုဆောင်းထားတဲ့ ဘောလုံးအမှတ်တရပစ္စည်း ၁၂ ခုကို လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ အာဂျင်တီးနားဂန ္ထဝင်ကစားသမားဟောင်း ဒီယေဂိုမာရာဒိုနာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ၊ အေစီမီလန်အသင်း ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ ဂျာစီတွေနဲ့ လမ်းပတ်၊ ဒရော့ဘာ၊ အိုဝင်တို့ရဲ့ ဂျာစီတွေလည်း ပါဝင်ပါတယ်။

၂၀၁၅-၂၀၁၆ ရာသီမှာ ဂျွန်တယ်ရီ ဝတ်ဆင်ခဲ့တဲ့ ချဲလ်ဆီးဂျာစီကတော့ အမြင့်ဆုံးလေလံဈေး ပေါင် ၄၁၀၀ ရရှိနေပါတယ်။ eBay ပေါ်မှာ လေလံတင် ရောင်းချတဲ့ ပစ္စည်း ၁၂ မျိုးမှာ ဂျွန်တယ်ရီ လက်မှတ်ထိုးထားတဲ့ အသင်းခေါင်းဆောင် လက်ပတ်လည်း ပါဝင်ပါတယ်။ ဗီလာအသင်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ တယ်ရီဟာ ချဲလ်ဆီးနဲ့ ဝက်စ်မင်စတာဆေးရုံ၊ ကလေးငယ် ပရဟိတအဖွဲ့အတွက် ရန်ပုံငွေ ပေါင် ၂၅၀၀၀၀ ရရှိစေဖို့ Just Giving စာမျက်နှာတစ်ခုလည်း ဖွင့်လှစ်ထားပြီး အဲဒီစာမျက်နှာမှာတော့ အလှူငွေ ပေါင် ၂ သိန်းကျော် ရရှိနေပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top