ချင်းပြည်နယ်က မြို့နယ်တချို့မှာ စားနပ်ရိက္ခာပြတ်လတ်လို့ အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေရှိနေ

800px-Hakha_Myanmar.jpg

ရန်ကုန်၊ အောက်တိုဘာ (၁၉)

ချင်းပြည်နယ်က မြို့နယ်တချို့မှာ စားနပ်ရိက္ခာပြတ်လတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သိရပါတယ်။

လတ်တလောတိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့်လည်း ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်တဲ့ ပြည်သူတွေအနေနဲ့လည်း အိုးအိမ်စွန်ခွာထွက်ပြေးနေကြရပါတယ်။

ချင်းပြည်နယ်က မြို့နယ် (၅) ခုမှာ လတ်တလောနေရပ်စွန့်ခွာထွက်ပြေးလာသူ (၂၁,၄၂၁) ကျော်ရှိနေပြီး မူလနေရာကို ပြန်လည်သွားသူတချို့လည်းရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ်မှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နောက်ပိုင်း ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူ (၂၁၈,၉၀၀) ဝန်းကျင်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာဖြစ်ပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top