ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရာသီပြီးဆုံးအောင် ဆက်မကစားဖြစ်ရင် အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖွယ်ရှိ

22-4-2020-yyl-012.jpg

COVID-19 ကပ်ရောဂါကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် မကစားနိုင်ဘူးဆိုရင် လာမယ့်ရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပေမဲ့ (ရာသီပြီးဆုံးအောင် မကစားနိုင်ရင်)လာမယ့်ရာသီကျရင် ဥရောပပြိုင်ပွဲ ကစားခွင့်ရမယ့်အသင်းတွေကို ဆုံးဖြတ်ရာမှာ ကလပ်အသင်း အဆင့်သတ်မှတ်ချက်ကို ကို အသုံးပြုရမယ်လို့ ယူအီးအက်ဖ်အေက သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကို တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ၅ ရာသီအတွင်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရလဒ်တွေအပေါ် အခြေခံပြီး ကလပ်အသင်း အဆင့်သတ်မှတ်ချက်ကို တွက်ချက်တာဖြစ်ပါတယ်။ အဲဒီအဆင့်သတ်မှတ်ချက်အရ အာဆင်နယ်အသင်းဟာ လီဗာပူး၊ မန်စီးတီး၊ မန်ယူတို့နဲ့အတူ ထိပ်သီး ၄ သင်းစာရင်းမှာ ပါဝင်ခွင့်ရမှာပါ။ စပါး၊ ချဲလ်ဆီးနဲ့ လက်စတာအသင်းတွေကတော့ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရမှာဖြစ်ပြီး ဝုဗ်နဲ့ ရှက်ဖီးယူနိုက်တက်တွေကတော့ ဥရောပပြိုင်ပွဲကစားခွင့် လုံးဝဆုံးရှုံးမှာပါ။ မန်စီးတီးအသင်းအပေါ် ဥရောပပြိုင်ပွဲ ကစားခွင့် ၂ နှစ်ပိတ်ပင်တဲ့ ပြစ်ဒဏ် အတည်ပြုလိုက်ရင် စပါးအသင်းက မန်စီးတီးအစား ချန်ပီယံလိဂ် ကစားခွင့်ရမှာပါ။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ဥရောပဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံတွေ ဗီဒီယိုအစည်းအဝေးလုပ်ခဲ့ပြီး ဒီရာသီကို ပြီးဆုံးအောင် ဆက်လက်ယှဉ်ပြိုင်နိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးခဲ့ပါတယ်။ လိဂ်ပြိုင်ပွဲနဲ့ ဖလားပြိုင်ပွဲတွေကို ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင်အောင် အစွမ်းကုန် ကြိုးစားကြဖို့ ယူအီးအက်ဖ်အေက တိုက်တွန်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top