ပုံမှာ ပြထားသလိုပါပဲ။ လှေကားတွေ ဘယ်လောက်ပဲ များများ သူ့ကို နံရံမှာထောင်ပြီး တက်ရမှန်း မသိရင်တစ်ဖက်မှာ ဘာပြထားတယ် ဆိုတာကို မြင်နိုင်မှာ မဟုတ်ပါဘူး။
ဘဝမှာလဲ ဒီလိုပါပဲ။ အရာ အားလုံးဟာ သူ့အဓိပ္ပါယ်နဲ့ သူ၊ သူ့တန်ဖိုးနဲ့ သူ ရှိကြ ပါတယ်။ ယင်းအရာ များကို ကောင်းကောင်း အသုံးမချတတ်ဘူး ဆိုရင် အလကား ပါပဲ။ နောက်ထပ် ဥပမာ ကတော့ ကလေးတစ်ယောက်ရဲ့ လက်ထဲကို ကျောက်သံပတ္တမြား ထည့်ပေးခြင်း ဖြစ်ပါတယ်။ ပြောင် လက်လက် ဖြစ်နေတာကို ကြိုက်ပေမယ့် စားစရာ မုန့်တစ်ခုနဲ့ ပေးလိုက်ရင် အလဲှအထပ် လုပ်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ တန်ဖိုးဆိုတာကို လူတစ်ဦး တစ်ယောက်က မသိတာဟာ သူ့အတွက်ပဲ ထိခိုက် ပေမယ့် သူ့ကို မှီခို ဦးတည်ပြီး ရပ်တည်နေရတဲ့ လူတွေသာ များမယ် ဆိုရင် ယင်းမှီခိုနေသူ အားလုံးကိုလည်း ထိခိုက် ပါတယ်။
နောက်ထပ် ဥပမာ တစ်ခုကတော့ ဂျယ်လီငါး ဖြစ်ပါတယ်။ ဂျယ်လီငါးများဟာ နှစ်ပေါင်း ၅၀၀ ကျော်နေနိုင်ပြီး အချို့ဆို မသေပဲနဲ့တောင် နေနိုင် သတဲ့။ ဒါပေမယ့် သူတို့မှာ တွေးခေါ် ခံစား တတ်တဲ့ ဦးနှောက် မရှိပါဘူး။ ဒီတော့ ဦးနှောက်မရှိပဲ ရာသက်ပန် နေထိုင်ရတာဟာလည်း အဓိပ္ပါယ်မဲ့ ပါတယ်။
အားလုံးကို အနှစ်ချုပ်လိုက်ရင် ဉာဏ်မပါပဲ၊ တွေးခေါ်ခြင်း မရှိပဲ ဘဝမှာ နေထိုင်နေရတာ၊ လုပ်ကိုင်နေရ တာဟာ အဓိပ္ပါယ်မဲ့နေခြင်း တစ်မျိုး ပါပဲ။
အောင်ခမ်း (ရိုးရာလေး)