Tuborg OPEN 2019 Campaign မှာ တေးသံရှင် Raymond ပါဝင်

yyl-006-4.jpg

Tuborg OPEN 2019 Campaign ဖြစ်တဲ့ Global Music ပရောဂျက် အစီအစဉ်ကို မြန်မာနိုင်ငံမှာလည်း ကျင်းပသွားမှာဖြစ်တဲ့အပြင် ပြည်တွင်းအဆိုတော်တစ်ဦးဖြစ်တဲ့ Raymond မှ ပါဝင်သွားမှာဖြစ်တယ်လို့ Tuborg Myanmar မှ Brand Manager မငြိမ်းငြိမ်းစိုးက ပြောပါတယ်။

Campaign မှာ Raymond က Clean Bandit ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Rockabye သီချင်းကို သူရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်း၊ ဆန်းသစ်တဲ့ အသွင်သစ်တွေနဲ့ ဖန်တီးပြုလုပ်သွားမှာဖြစ်ပါတယ်။

“လုပ်နေကျ လုပ်ဖူးပြီးသားတွေကိုပဲ လုပ်နေတာထပ်စာရင် ကျွန်တော့်ပရိသတ်တွေအတွက် ဂီတပုံစံ အသစ်တွေကို ဖန်တီးပေးချင်ပါတယ်။ ကျွန်တော်ပြန်လည်ဖန်တီးသီဆိုထားတဲ့ Clean Bandit ရဲ့ သီချင်း cover ကို ပရိသတ်တွေကြားရရင် သေချာပေါက် အံ့သြကြမှာပါ။ ဒီပရောဂျက်မှာ ကျွန်တော်က မူလသီချင်းကို သူအတိုင်းပြန်ဆိုတာမဟုတ်ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အလှအပ၊ တန်ဖိုးတွေကို ထင်ဟပ်စေမယ့် အကြောင်းအရာတွေကို သီချင်းစာသားအနေနဲ့ ထည့်ပြီး ဆိုထားတာဖြစ်တယ်” လို့ တေးသံရှင် Raymond က ပြောပါတယ်။

Tuborg ရဲ့ နိုင်ငံတကာအတိုင်းအတာနဲ့ ပြုလုပ်တဲ့ ဂီတပရောဂျက်တစ်ခုဖြစ်တဲ့ Tuborg OPEN ဟာ ဂီတ platform ကို အသုံးပြုပြီး ကန့်သတ်ထားတဲ့ ဘောင်ထဲက ဖောက်ထွက်ကာ အတွေးသစ်၊ အမြင်သစ်၊ ဖန်တီးမှုအသစ်တွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်ရန် ရည်ရွယ်တာဖြစ်တယ်လို့ Tuborg Myanmar မှ Brand Manager မငြိမ်းငြိမ်းစိုးက ရှင်းပြပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top