အူရီဒူးမြန်မာမှ တနင်္သာရီတိုင်းဒေသကြီးရှိ စိန်ဖရန့်စစ်ဇေးဗွီးယား ပရဟိတဂေဟာတွင် အမျိုးသမီးဆောင်ဆောက်လုပ်ရန် ပံ့ပိုးလှူဒါန်း

yyl-009-6.jpg

အူရီဒူးမှ “ပညာကြွယ်ဝ လူမှုဘဝ” ခေါင်းစဉ်ဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်ခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်တစ်လျှောက် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုအတွက် စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိနေပါသည်။ ယင်းအစီအစဉ်အတွက် ဆက်လက်ပံ့ပိုးမှုတစ်ခုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာရှိ စိန်ဖရန့်စစ်ဇေးဗွီးယားပရဟိတဂေဟာသို့ အမျိုးသမီးဆောင်ဆောက်လုပ်မှုအတွက် မြန်မာငွေကျပ် သိန်း ၂၅ဝ လှူဒါန်း ပေးခဲ့ပါသည်။

စိန်ဖရန့်စစ်ဇေးဗွီးယား ပရဟိတဂေဟာကို လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကတည်းကတည်ထောင်ခဲ့ပြီး ၎င်းသည်ထားဝယ်မြို့မှ ၅၂မိုင် အကွာတွင်တည်ရှိပါသည်။ အဆိုပါ ပရဟိတာဂေဟာသည် မိဘမဲ့ကလေးများအတွက် နားခိုရာနေရာဖြစ်သလို၊ ပတ်ဝန်းကျင်မှ ကျောင်းသားပေါင်း ၁၂၂ ယောက်အတွက်လည်းပညာသင်ကြားရာနေဖြစ်လာပါသည်။ ခရစ်ယာန်ဘုန်းတော်ကြီးနှင့် သီလရှင်များက အဆိုပါ မိဘမဲ့ကလေးငယ်များအတွက် အစားအသောက်၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို တာဝန်ယူစောင့်ရှောက်ပေးလျက် ရှိပါသည်။

အူရီဒူးမှ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ရင်း ယင်းကျောင်းဝန်းအတွင်းရှိ အမျိုးသမ်ီးဆောင်မှာ ယိုယွင်းနေသည့်အတွက် အမျိုးသမီးငယ်များ နေထိုင်ရေးနှင့် ပညာသင်ကြားရာ တွင် လုံခြုံစိတ်ချရမှုအတွက် အခက်အခဲဖြစ်နေသည်ကို တွေ့ရှိခဲ့ပါသည်။။ထို့ကြောင့် အူရီဒူးမှ အမျိုးသမီးဆောင်ဆောက်လုပ်မှုအတွက် မြန်မာငွေကျပ် သိန်း ၂၅ဝ ကို လှူဒါန်းပေးခြင်းဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ “အူရီဒူးအနေနဲ့ “မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ” လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်ကို မြန်မာနိုင်ငံတစ်ဝန်းမှာ ပညာရေးကဏ္ဍကို ပံ့ပိုးကူညီပေးဖို့အတွက် ၂ဝ၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ခရီးစဉ်တစ်လျောက်မှာ ဘာသာလူမျိုး မခွဲခြားဘဲ အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတစ်ဝန်းရှိ ၄၉နေရာကို လှူဒါန်းပေးခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့အနေနဲ့ လူငယ်မျိုးဆက်တစ်ဆက်ရဲ့ ဘဝကို ပိုမိုပြည့်စုံကောင်းမွန်အောင် ပံ့ပိုးပေးခြင်းသာမကပဲ နောင်လာမည့် မျိုးဆက်များ နဲ့အတူ လူမှုဝန်းကျင်တစ်ခုလုံးအတွက် အကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်မှာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားလိုက်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top