Black Lives Matter ဖောင်ဒေးရှင်းကို ကန်ဒေါ်လာ (၁) သန်းလှူဒါန်းခဲ့တဲ့ BTS

9-6-2020-yyl-001.jpg

အမေရိကန်နိုင်ငံအထိ ထိုးဖောက်အောင်မြင်နေတဲ့ နာမည်ကြီးကိုရီးယားအဆိုတော်အဖွဲ့ BTS ဟာ လူမျိုးရေးခွဲခြားဆက်ဆံမှုကို ဆန့်ကျင်နေတဲ့ အမေရိကန်ဆန္ဒပြသူတွေကို အားပေးထောက်ခံပေးဖို့အတွက် Black Lives Matter ဖောင်ဒေးရှင်းကို ကန်ဒေါ်လာ (၁) သန်းလှူဒါန်းခဲ့တယ်လို့ ထွက်ရှိလာတဲ့သတင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းကလည်း BTS အဖွဲ့ဝင် (၇) ယောက်လုံးက လူမျိုးရေးခွဲခြားဆက်ဆံမှုနဲ့အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း BlackLivesMatter hashtagနဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။ “လူမျိုးခြားမုန်းတီးဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့နေရာမှာ ကျွန်တော်ရပ်တည်ပါတယ်။ ကျွန်တော်တို့ အကြမ်းဖက်မှုကို ရှုတ်ချပါတယ်။ မင်း၊ ငါနဲ့ ကျွန်တော်တို့အားလုံးက လေးစားခံရဖို့ အခွင့်အရေးရှိကြပါတယ်။ ကျွန်တော်တို့ အတူတကွရပ်တည်သွားမှာပါ”လို့ ရေးသားထားပါတယ်။

BTS တွစ်တာမှာတင်ခဲ့တဲ့ Hashtag နဲ့စာက ကေပေါ့စ်ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး MachAMillion ဆိုတဲ့ hashtag အသစ်နဲ့ နောက်ထပ်လှူဒါန်းမှုတွေ ရှိလာခဲ့ပါတယ်။ BTS ရဲ့ fan base ARMY ကိုလည်း (၁) သန်းလှူဒါန်းမှုတွေ ပြုလုပ်စေဖို့အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်။ တွစ်တာအကောင့်ပိုင်ရှင် တစ်ယောက်က “ARMYs..BTSရဲ့လှူဒါန်းမှုနဲ့အတူ (၁) သန်း လှူဒါန်းကြစို့” လို့ ရေးသားထားပါတယ်။ BTS ဟာ ဧပြီလကတည်းက ကမ္ဘာလှည့် ဖျော်ဖြေမှုတွေကို ရပ်ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။

US မှာ လူဖြူရဲသားတစ်ဦးကြောင့် George Floyd လူမည်းအမျိုးသား သေဆုံးသွားရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေရှိနေပါတယ်။

Ref: Reuter “BTS donates $1 million to Black Lives Matter”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top