ဘယ်လ်ဂျီယံနိုင်ငံမှ ဆောက်လုပ်ရေးလုပ်သားတွေဟာ လုပ်ငန်းခွင်ထဲမှာ မြေတူးရင်း ယူရို ၉ သန်း ( အမေရိကန်ဒေါ်လာ ၁၀.၅)သန်းကျော် တန်ကြေးရှိတဲ့ ရွှေချောင်းတွေနဲ့ ရွှေဒင်္ဂါးပြား အများအပြား တူးဖော်တွေ့ရှိခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်မြို့ အနောက်မြောက်ဘက် ၁၉ မိုင်အကွာရှိ ဒန်ဒါမွန်ဒီမြို့မှ အဆောက်အအုံတစ်ခုကို ပြင်ဆင်ရင်း ဆောက်လုပ်ရေးလုပ်သား ၈ ဦးက အခုလို တွေ့ရှိခဲ့တာပါ။ သူတို့က ရွှေချောင်းနဲ့ ရွှေဒင်္ဂါးပြားတွေ တွေ့ရှိပြီးနောက် အိမ်ပိုင်ရှင်ကို ဆက်သွယ်ခဲ့ပြီး အိမ်ပိုင်ရှင်က ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာပါ။

တူးဖော်တွေ့ရှိခဲ့တဲ့ ရွှေချောင်းနဲ့ ရွှေဒင်္ဂါးပြားတွေကို ရဲစခန်းမှာ ကင်မရာမှတ်တမ်းယူ ရေတွက်ပြီး ချိတ်ပိတ်ထားလိုက်ပြီလို့ ရဲမှူးချုပ်က ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဒီပစ္စည်းတွေကို ဘယ်သူပိုင်လဲ ၊ ဘာကြောင့် မြေအောက်ထဲ ရောက်နေသလဲဆိုတဲ့ အကြောင်းကို စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
Ref: Construction workers strike gold at work – literally
NZ (ရိုးရာလေး)

