ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ G-Dragon နဲ့ Blackpink အဖွဲ့ဝင် Jennie

18-2-2021-yyl-38.jpg

အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ဆိုရီဂျင်းနဲ့ ဟွန်ဘင်းတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိပြီးတဲ့နောက် ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာလည်း နောက်ထပ်နာမည်ကြီးစုံတွဲတစ်တွဲရဲ့ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အဲဒီအတွဲကတော့ G-Dragon နဲ့ Blackpink အဖွဲ့ဝင် Jennie တို့ပါပဲ။ သူတို့နှစ်ဦးတွဲနေခဲ့ကြတာ (၁) နှစ်ရှိပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

YG Entertainment အေဂျင်စီရဲ့အဆိုတော်တွေဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကတော့ “YG က လူတော်တော်များများက သူတို့ရဲ့ဆက်ဆံရေးကို သိထားကြတယ်။ Jennie ရဲ့မိခင်ကလည်း ဒါကို သိထားပြီး သူ့သမီးကို ဂရုစိုက်ပေးလို့ GD ကို ကျေးဇူးတင်နေတယ်” လို့ ဆိုပါတယ်။ GD နဲ့ Jennie တို့ရဲ့ဆက်ဆံရေးကို ဖော်ထုတ်လိုက်တဲ့ သတင်းဌာန Dispatchကတော့ သူတို့အကြောင်း အသေးစိတ်ဖော်ပြထားပါတယ်။

GD နဲ့ Jennie တို့က GD ရဲ့Penthouse မှာ မကြာခဏ ချိန်းတွေ့လေ့ရှိကြတယ်။ GD ရဲ့တိုက်ခန်းကို တန်းရောက်တဲ့ Private ဓာတ်လှေကားရှိတဲ့အပြင် သီးခြားဝင်ပေါက်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ Jennie က Blackpink အဖွဲ့နဲ့ အလုပ်အချိန်ဇယားပြီးတိုင်း GD ဆီလာလည်တယ်။ GD ဆီလာရင် Jennie ရဲ့မန်နေဂျာက လာခေါ်သလို GD ရဲ့မန်နေဂျာက လိုက်ပို့ပေးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့ Blackpink အဖွဲ့ အွန်လိုင်းဖျော်ဖြေပွဲကျင်းပချိန်ကလည်း GD ရဲ့အိမ်ကနေ Jennie ထွက်လာတာကို မြင်တွေ့ခဲ့ရတယ်လို့ သတင်းတွေက ဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး GD နဲ့ Jennie တို့ရဲ့ YG Entertainment အေဂျင်စီကတော့ “ကျွန်တော်တို့အနုပညာရှင်တွေရဲ့ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာမှ အတည်ပြုပေးလို့မရသေးပါဘူး။ ကျွန်တော်တို့ကို နားလည်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောထားပါတယ်။

Ref: AsiaOne “Blackpink’s Jennie and G-Dragon are dating: South Korean media”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top