ကျန်းမာရေးနဲ့ညီညွှတ်အောင် ခါးတဲ့အစားအစာတွေကိုလည်း စားပေးပါ

18-2-2021-yyl-41.jpg

ခါးတဲ့အစားအစာတွေဆို မစားတဲ့သူတွေ များမယ်ထင်ပါတယ်။ တကယ်တော့ ခါးသက်တဲ့အစားအစာတွေကလည်း ဆေးဖက်ဝင်တဲ့အပြင် အာဟာရဓာတ်လည်းကြွယ်ဝပါတယ်။ သင့်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောဂါအန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ ခါးတဲ့အစားအစာတွေက ဘယ်လောက်အရေးပါသလဲဆိုတာနဲ့ ဘာတွေကို စားပေးသင့်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

ကျန်းမာရေးကောင်းဖို့အတွက် အမြဲတမ်း ကိုယ်ခံအားစနစ်မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ ကိုယ်ခံအားစနစ်အားကောင်းစေဖို့အတွက် ခါးတဲ့အစားအစာတွေကလည်း အကောင်းဆုံးဖြေရှင်းနည်းပါပဲ။ အရသာပြင်းတဲ့အစားအစာတွေကို တစ်နေ့တာစားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကိုလှုံ့ဆော်ပေးပြီး အစားအစာကနေ အာဟာရဓာတ်ကို ကောင်းကောင်းစုပ်ယူနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒီအစားအစာတွေက ခန္ဓာကိုယ်ရောင်ရမ်းနာကျင်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အာဟာရဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက်ကြောင့်လည်း ဇီဝဖြစ်စဉ်နဲ့ကိုယ်ခံအားစနစ်အားကောင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ တစ်နေ့တာအတွက် အောက်မှာဖော်ပြပေးထားတဲ့ခါးတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။

ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးကတော့ အခါးကြိုက်တဲ့သူတွေ အများဆုံးစားဖြစ်တဲ့ဟင်းသီးဟင်းရွက်ဖြစ်တဲ့အပြင် အခါးမကြိုက်တဲ့သူတွေ မကြိုက်ဆုံးအရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကြက်ဟင်းခါးသီးမှာ ကင်ဆာဆဲလ်ကြီးထွားမှုကို နှေးကွေးစေနိုင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဓာတ်တွေပါဝင်ပါတယ်။ ဆီးချိုရောဂါသည်တွေအတွက် သွေးအတွင်းသကြားဓာတ်လျော့နည်းစေတဲ့ သဘာဝဆေးလည်းဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးရဲ့အန်တီအောက်စီဒန့်ပါဝင်မှုကလည်း free radical ကြောင့် ဆဲလ်ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အနက်ရောင်ချောကလက်

အနက်ရောင်ချောကလက်က ခါးသက်တဲ့အရသာရှိတဲ့အတွက် လူတိုင်းမကြိုက်ကြပါဘူး။ ဒါပေမဲ့ အနက်ရောင်ချောကလက်က ကိုကိုးမှုန့် (Cocoa) ပါဝင်မှုမြင့်မားတာကြောင့် အရမ်းကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ အနက်ရောင်ချောကလက်မှုပါဝင်တဲ့ဓာတ်တွေက သွေးကြောတွေကို ကျယ်စေနိုင်တဲ့အပြင် ရောင်ရမ်းမှုကိုလည်း လျော့ချပေးနိုင်စွမ်းရှိပါတယ်။

သံပရိုခွံနဲ့လိမ္မော်ခွံ

သံပရိုသီးနဲ့ လိမ္မောသီးလို အချဉ်သီးတွေက ဗီတာမင်စီဓာတ်ကြွယ်ဝပါတယ်။ အဲဒီချဉ်တဲ့အသီးရဲ့အခွံကလည်း ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရဓာတ်ပြည့်ဝပါတယ်။ အပြင်ခွံက flavonoids ပါဝင်တာကြောင့် ခါးပါတယ်။ အသီးရဲ့အခြားအစိတ်အပိုင်းတွေထက် အခွံမှာ flavonoids ပါဝင်မှုမြင့်မားပါတယ်။

Green Tea

Green Tea ကလည်း ကိုယ်အလေးချိန်ကျတာ၊ အစာခြေစနစ်အားကောင်းတာ၊ ကိုယ်ခံအားစနစ်ကောင်းတာလို ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ Green Tea မှာ Catechin နဲ့ Polyphenol ဓာတ်တွေ ပါဝင်တာကြောင့် သဘာဝအလျောက် ခါးသက်တဲ့အရာသာရှိပါတယ်။ ပုံမှန်သောက်နေကျ ကော်ဖီနဲ့ လက်ဖက်ရည်တို့အစား Green Tea ကို သောက်သုံးပေးမယ်ဆိုရင် သင့်ကျန်းမာရေးအတွက် ကောင်းပါတယ်။ တစ်နေ့ကို Green Tea (၂)ခွက်သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်နိုင်မှာဖြစ်ပါတယ်။

Ref: Why bitter is better: bitter foods that you must include in your diet
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top