ဂျက်ကီချန်း နှင့် သူ၏ သားသမီးတွေကြား အေးခဲနေသော ဆက်ဆံရေး

jj-1.jpg

ကိုယ်ခံပညာကျွမ်းကျင်ပြီး စတန့်တွေလုပ်ပြရာမှာ ပရိသတ်တွေ အရမ်းနှစ်ခြိုက်အားပေးတဲ့ ဂျက်ကီချန်းမှာလည်း ပရိသတ်တွေဆီ ချမပြချင်တဲ့ သူ့ရဲ့ဘဝအကြောင်းရှိပါတယ်။

ကျွန်တော်တို့ကသူ့ရဲ့သရုပ်ဆောင်ဟန်တွေကိုကြည့်ပြီး ခိုးခိုးခစ်ခစ်ရယ်နေပေမယ့် သူ့ရဲ့ သွေးသားဖြစ်သူတွေကတော့ သူ့ကို နှစ်ခြိုက်ကြမယ်မထင်ပါဘူး။ ဂျက်ကီချန်း နှင့် မင်းသမီး Joan Lin တို့က ၁၉၈၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၊အိမ်ထောင်သက်တမ်းခဏလေးအတွင်းမှာ သားလေး Jaycee Chan ကိုမွေးဖွားခဲ့ပါတယ်။

ဒါပေမဲ့ ဂျက်ကီချန်းက အိမ်ထောင်သည်တစ်ယောက်ရဲ့ ကျင့်ဝတ်ကို မလိုက်နာခဲ့ပါဘူး။ သူ့မှာ နောက်ထပ်ဇနီးမယားရှိပါသေးတယ်။ Elaine Ng Yi-Lei ဆိုသူ အမျိုးသမီး နှင့် ချစ်ကြိုက်ပြီး သမီးလေး Etta Ng Chok Lam ကို ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ Elaine က သမီးလေးကိုသူမတစ်ယောက်တည်းပြုစုပျိုးထောင်ပါတယ်။ ဂျက်ကီချန်းနှင့် သူ့ရဲ့သားဖြစ်သူ Jaycee Chan တို့ရဲ့ ဆက်ဆံရေးကလည်းနှစ်ပေါင်းများစွာအစွန်းအထင်းများစွာရှိခဲ့ပါတယ်။၂၀၁၄ ခုနှစ်မှာ တရားမဝင်မူးယစ်ဆေးဝါး ၁၀၀ ဂရမ်လက်ဝယ်တွေ့ရှိမှုနှင့် Jaycee Chan အဖမ်းခံခဲ့ရပါတယ်။ သူထောင် ၆ လကျနေတဲ့ ကာလအတွင်းအဖေဖြစ်သူ ဂျက်ကီချန်းကတခါမှ ထောင်ဝင်စာလာမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ကံကောင်းထောက်မစွာ သူပြန်လွတ်လာချိန်မှာ သူတို့သားအဖနှစ်ယောက် ပြန်သင့်မြတ်သွားပါတယ်။

ဂျက်ကီချန်းက သားဖြစ်သူနှင့် အဆင်ပြေပေမယ့် သမီးလေး Etta နှင့်ကတော့ ဆန့်ကျင်ဘက်ပါ။ သူမမွေးပြီးပြီးချင်း မိခင်နှင့် အတူ တူ ဟောင်ကောင်ကိုပြောင်းရွှေ့နေ့ထိုင်ပြီး ဇာတ်မြှုပ်နေထိုင်ခဲ့ပါတယ်။ အဖေမရှိဘဲကြီးပြင်းလာတဲ့သူမအဖို့က အဖေနဲ့ပတ်သက်လာရင် ဘာမှ အလေးမထားပါဘူး။၂၀၁၅ ခုနှစ်မှာ ၁၅ နှစ်ပြည့်ခဲ့တဲ့ သူမက အင်တာဗျူးတစ်ခုမှာရှားရှားပါးပါး သူမအဖေဂျက်ကီချန်းအကြောင်းပြောသွားပါတယ်။ ဂျက်ကီချန်းက သူမရဲ့အဖေပေမယ့် သူမဘဝထဲမှာမရှိတဲ့အတွက် အဖေလို့သတ်မှတ်မှာ မဟုတ်ကြောင်း ပြောသွားပါတယ်။ အနုပညာကြယ်ပွင့် ဂျက်ကီချန်းက ပုဂ္ဂိုလ်ရေးရာမှာတော့ ကံမကောင်းလှပါဘူး။ ဂျက်ကီချန်းတစ်ယောက်သူ့ရဲ့ကလေးတွေ ၊ သူ့မိသားစုတွေနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်းနိုင်ပါစေလို့ ဆန္ဒပြုရင်း။
Ref: Fabiosa: Jackie Chan’s Complicated Relationship With His Children
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top