အမေရိကန်တေးသံသွင်း Columbia Records နဲ့လက်တွဲပြီး တစ်ကိုယ်တော်သီချင်း နောက်လမှာ ထွက်ရှိမယ့် Jennie

10.9.2024-yyl-3.jpg

ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ Blackpink ရဲ့ အဖွဲ့ဝင် Jennie ဟာ အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်းထွက်ရှိမှာဖြစ်ပါတယ်။ ထွက်ရှိမယ်ဆိုတာကို သူ့ရဲ့ကိုယ်ပိုင်အေဂျင်စီ Oddatelier ဟာ စက်တင်ဘာ ၉ ရက်နေ့က ကြေညာခဲ့တာပါ။

Jennie က သူ့ကိုယ်ပိုင်အေဂျင်စီနဲ့ အမေရိကန်တေးသံသွင်း Columbia Records နဲ့ မိတ်ဖတ်ပြီးတော့ တစ်ကိုယ်တော်သီချင်းကို ထွက်ရှိသွားမှာပါ။ Columbia Records ကို Sony Music Entertainment က ပိုင်ဆိုင်ပြီး Adele, Barbra Streisand, Beyonce, Harry Styles လို ကမ္ဘာကျော်အဆိုတော်တွေကို မွေးထုတ်ပေးခဲ့တာပါ။

Lisa, Rose, Jisoo တို့ဟာ တစ်ကိုယ်တော်စာချုပ်တွေကို YG Entertainment နဲ့ ဆက်မလုပ်ဖို့ ဆုံးဖြတ်ပြီးနောက် အခုလို ဒီသတင်းထွက်ရှိလာခဲ့တာပါ။ Jennie က သူ့ရဲ့ကိုယ်ပိုင်အေဂျင်စီကို ၂၀၂၃ ခုနှစ်ကုန်မှာ တည်ထောင်ခဲ့တာပါ။

Ref: Blackpink’s Jennie to drop single in Oct. 2024, signs with Columbia Records

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top