Rainforest Wild Asia မှာ ရိုက်ကူးထားတဲ့ ဂျီဆူး ရဲ့ Music Video သစ် ထွက်ရှိလာ

jisoo.png

BlackPink အဖွဲ့ဝင် ဂျီဆူး ရဲ့ “Your Love” Music Video ဟာဆိုရင် ဩဂုတ်လ ၁၂ ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။ ဒီ Music Video ကို ကြည့်ပြီးတဲ့သူတွေကတော့ ဗီဒီယိုထဲ ပါတဲ့ နေရာတချို့ကို သတိပြုမိကြမယ်ထင်ပါတယ်။

(လိုဏ်ဂူကြီး)

ဒီ Music Video ဟာ Singapore Tourism Board (STB) နဲ့ Mandai Wildlife Reserve တို့ ပူပေါင်းဖွင့်ထားတဲ့ Rainforest Wild Asia နဲ့ Singapore Zoo တို့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ STB ရဲ့ထုတ်ပြန်ချက်အရ အဲ့ဒီဗီဒီယိုက စင်ကာပူရဲ့သဘာဝအလှတရားတွေနဲ့ ကမ္ဘာ့အဆင့်မီ တောရိုင်းတိရစ္ဆာန်တွေကို မီးမောင်းထိုးပြထားတယ်လို့ သိရပါတယ်။

(လိုဏ်ဂူအတွင်းဖွင့်ထားတဲ့ စားသောက်ဆိုင်)

(The Karsts)

Music Video မှာ တွေ့ရတဲ့ နေရာတချို့ကတော့ လိုဏ်ဂူကြီး၊ လိုဏ်ဂူအတွင်း ဖွင့်ထားတဲ့ စားသောက်ဆိုင်၊ The Karsts (ထုံးကျောက်တွေနဲ့ ဖြစ်တည်လာတဲ့ မြေနေရာ) ဖြစ်ပြီး Bali Myna ငှက်မျိုးစိတ်နဲ့ Francois’ Langur မျောက်မျိုးစိတ်တို့ ပါဝင်ထားပါတယ်။

( Bali Myna ငှက်မျိုးစိတ်)

( Francois’ Langur မျောက်မျိုးစိတ်)

ဂျီဆူး ရဲ့ “Your Love” Music Video ကို ကြည့်ရှုရန် – https://www.youtube.com/watch?v=6y70hwfVeVU

Ref: BlackPink’s Jisoo films music video at Rainforest Wild Asia in S’pore

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top