BlackPink အဖွဲ့ဝင်လီဆာရဲ့ ကိုယ်ရေးကိုယ်တာဘဝ (အထူးသဖြင့် နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် LVMH Watches ရဲ့စီးအီးအို Frédéric Arnault နဲ့ဆက်ဆံရေး) ကို လူတော်တော်များများက စိတ်ဝင်စားနေကြတာပါ။ မကြာသေးခင်က သူနဲ့ ရွှေရောင်နာရီဆင်တူလက်ပိုင်ရှင်ပါတဲ့ လီဆာရဲ့အင်စတာဂရမ်ပုံကို စိတ်ဝင်စားနေကြတာပါ။
အဲ့ဒီပုံနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေက Frédéric Arnault နဲ့ဆက်ဆံရေးကို အတည်ပြုလိုက်တာဆိုပြီး ပြောဆိုခန့်မှန်းခဲ့ကြပါတယ်။ ဒီလိုခန့်မှန်းချက်ကို လီဆာက ငြင်းဆိုထားပါတယ်။ ပုံထဲက လက်ပိုင်ရှင်ဟာ ခရီးထွက်ရင် ပါလေ့ရှိတဲ့ သူ့မိခင်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
လီဆာက Frédéric Arnaultနဲ့ ဆက်ဆံရေးကို ဘယ်တုန်းကမှ အတည်ပြုခဲ့ခြင်းမရှိပေမဲ့ သူတို့နှစ်ဦးရဲ့အကြောင်းကတော့ ၂၀၂၃ ခုနှစ်ကတည်းက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။ သူတို့နှစ်ဦး အတူတူ ပွဲတက်တာအပြင် အတူတူလည်ပတ်တာတွေကိုလည်း တွေ့မြင်ခဲ့ရတာပါ။
Ref: BlackPink’s Lisa Denies It’s Her LVMH Scion BF’s Arm In Photo, Insists It’s Her Mum’s
WL (ရိုးရာလေး)