SpaceX ကုမ္ပဏီရဲ့ Starship အာကာသယာဉ် လွှတ်တင်ပြီး မကြာခင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့

hiyuj.jpg

အီလွန်မက်စ် ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီရဲ့ Starship အာကာသယာဉ်ကြီးဟာ လွှတ်တင်ပြီး မိနစ်ပိုင်းအကြာမှာပဲ အာကာသအတွင်း ပေါက်ကွဲသွားခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့မှာ တက္ကဆက်ပြည်နယ် တောင်ပိုင်း ဘိုကာချီကာကမ်းခြေကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မှာ တွေ့ရတဲ့ ရုပ်သံမှတ်တမ်းတွေအရ အင်ဂျင်ကို ဖြုတ်ချခဲ့ပြီးနောက် ထိန်းမရအောင် လည်ထွက်ကာ ပေါက်ကွဲသွားခဲ့တာ တွေ့ရပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အစိတ်အပိုင်းအများအပြား လွှင့်စင်ထွက်ကုန်တာလည်း တွေ့ရပါတယ်။

အဲဒီအတွက် ဖလော်ရီဒါပြည်နယ်ရဲ့ ဝေဟင်တစ်စိတ်တစ်ပိုင်းမှာ လေကြောင်းသွားလာမှုတွေကို ဆိုင်းငံ့ထားဖို့ အမေရိကန် ပြည်ထောင်စုလေကြောင်းအာဏာပိုင်အဖွဲ့(FAA)က ထုတ်ပြန်ကြေညာခဲ့ရပါတယ်။

၄၀၃ ပေ ရှည်လျားတဲ့ အဲဒီဒုံးပျံဟာ လူသားတွေကို အင်္ဂါဂြိုဟ် ပို့ဆောင်ပေးမယ့် အီလွန်မက်စ်ရဲ့ စီမံကိန်းမှာ အဓိက ပါဝင်နေတာ ဖြစ်ပြီး အခုစမ်းသပ်မှုကတော့ ၈ ကြိမ်မြောက် ဖြစ်ပါတယ်။ ၇ ကြိမ်မြောက် စမ်းသပ်ခဲ့စဉ်ကလည်း Starship ဒုံးပျံဟာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ SpaceX ကုမ္ပဏီကလည်း နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြုံခဲ့တာလို့ ထုတ်ပြန်ထားပြီး အမေရိကန် ပြည်ထောင်စုလေကြောင်းအာဏာပိုင်အဖွဲ့(FAA)ကလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

Ref: SpaceX’s Starship explodes in space, again raining debris over Caribbean

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top