အချစ်ကြောင့် ပြောင်းလဲနိုင်သွားကြတဲ့ စုံတွဲများ

45739886_351522178937862_3111182276663181312_n.jpg

အချစ်နဲ့တကယ်ဆေးဖက်ဝင်တဲ့အခါ ချစ်သူ လင်မယား၊ မိသားစု စုံတွဲတွေအကြား အပေါင်းတန်ဖိုးတွေချည်း ဖြစ်လာပါတော့တယ်။ အခု တင်ဆက်ပေးမယ့် အချစ်နဲ့ဆေးဖက်ဝင်ခဲ့တဲ့ ကျန်းမာရေးပိုင်ရှင် စုံတွဲ ၇ တွဲ ကတော့ ခံယူချက်ချင်း တူညီကြတဲ့ စုံတွဲတွေ ဖြစ်တဲ့အပြင် မိသားစုဘဝကို အတူတကွ သက်ဆုံးတိုင်အထိ ကျန်းမာရေးကောင်းကောင်းနဲ့ ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းလိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေကြောင့် သူတို့ လုပ်နိုင်စွမ်းသလောက်အထိ လုပ်ပြပြီး အဝလွန်နေတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ဝိတ်ချဖို့ တကယ် လုပ်နိုင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ အဓိက အချက်ကတော့ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားကြတာပါပဲ။ ပုံတွေနဲ့အတူ ဖတ်ရှုကြည့်လိုက်ပါဦးဗျာ။

၁။ ဒန်နီနဲ့ လက်ဇီတို့ မောင်နှံဟာ ၂ဦးပေါင်းကို တစ်နှစ်အတွင်း ပေါင် ၄၄၀ ကျဆင်းသွားတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ထပ်ယူကြချိန်မှာ ၂ဦးပေါင်း ပေါင် ၇၇၀ အထိ ရှိခဲ့ပါတယ်။ ရင်သွေးလေး မွေးဖွားချင်လို့ ကျန်းမာရေးကို အထူးလိုက်စားခဲ့ကြဖြစ်ပြီး ချီးကျူးစဖွယ် အာဂသံမဏိစိတ်ဓာတ် ပိုင်ရှင်တွေပါ။ ချစ်မေတ္တာရဲ့ အစွမ်းထက်မှုကြောင့်ပဲ။ နတ်ဖက်တဲ့ ဖူးစာရှင်တွေလို တောက်ပသွားကြပါတယ်။

၂။ ပုံမြင်တာနဲ့တင် သိသာလွန်းပါတယ်။ ၁၀ နှစ်စာ ပိုပြီးအသက်ပြန်ငယ်သွားကြသလို နုပျို လန်းဆန်းသွားကြပါတယ်။ နတ်ရေကန်ထဲ ခုန်ဆင်းတာ မဟုတ်ပေမယ့် နှစ်သစ်ကူးအကြိုမှာ နှစ်သစ်ပန်းတိုင် ချမှတ်ပြီး တစ်ယောက်လက်တစ်ယောက် တွဲပြီး အားသွန်ခွန်စိုက် ဝိတ်ချနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အားကျစဖွယ် မြင်ရမှာပါ။

စံပြမိဘ၃။ သူတို့စုံတွဲနှစ်ဦးကတော့ တကယ့်အံ့မခန်းပါ။ လှလှလေး မင်္ဂလာဆောင်ချင်လို့ မင်္ဂလာဆောင်အမီ အစွမ်းကုန် ဝိတ်ချခဲ့တာဖြစ်ပြီး လေးစားစိတ်ကူးနဲ့ သတ္တိပါပဲ။ ပွဲလာပရိသတ်တွေ အံ့အားသင့်သွားစေမှာ ဖြစ်သလို မလွဲမသွေ ချီးကျူးသံတွေ မစဲခဲ့မှာတော့ ကျိန်းသေပေါက်ပါပဲ။ စိတ်ဓာတ်ပြင်း၊ ခံယူချက် တူညီကြတဲ့ စုံတွဲပါ။

၄။ မိန်းကလေး ဟာလေစမစ်ဟာ သူ့ ချစ်သူကောင်လေးက သူ့ဆီက လက်ထပ်ခွင့် တောင်းခံချိန်မှာ အတော်ကြီး စိတ်ထိခိုက်သွားခဲ့ပုံရပါတယ်။ အချိုတွေ တအားစားတဲ့ ဟာလေက ခြောက်လအတွင်းမှာ ဝိတ်ချပြီး အချစ်အတွက် သူ့ကိုယ်သူ ပြောင်းလဲပစ်လိုက်ပါတယ်။ အခုတော့ မှတ်တောင်မမှတ်မိနိုင်တော့လောက်အောင်ပါပဲ။ ပြုံးပျော် ကြည်နူးနေတာ မြင်ရသလို စိတ်ချမ်းသာစရာ ဖြစ်စေတာပါပဲ။

၅။ သူတို့နှစ်ယောက်ကို အရင်က သိကျွမ်းခဲ့ဖူးတဲ့သူတွေတောင် ပြန်တွေ့ရင် မမှတ်မိနိုင်တော့ပါဘူး။ အချစ်ဟာ ဆေးဖက်ဝင်ခဲ့သလားပါပဲ။ ကောင်လေးဟာ ဆေးလိပ်ဖြတ်တယ်။ ညစာဖြတ်တယ်။ အားကစားနဲ့ ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန် လုပ်ဖြစ်လာတယ်။ ချစ်သူမလေးရဲ့ အစဉ်သဖြင့် အားပေးနေမှုကို ရခဲ့ပြီး ပေါင် ၁၁၀ တိတိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စံပြုနေထိုင်မှုက ကောင်မလေးကိုပါ ကူးစက်ပြီး နှစ်ဦးသား ကျန်းမာ ကျစ်လစ်သွားခဲ့တယ်။ အချစ်ဟာ ဆေးဖက်ဝင်ခဲ့တယ်။

၆။ သူတို့စတွေ့ခါက အခြေအနေနဲ့ လက်ရှိ အခြေအနေကို ယှဉ်ပြီးသာ ကြည့်ကြပါတော့။ သူလိုငါလို စုံတွဲမျိုးကနေ စမတ်ကျကျ ကိုယ်ခန္ဓာအလှနဲ့ ရှုမငြီးစရာ ဖြစ်သွားကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပေါင်းလက္ခဏာဆောင်ခဲ့ကြတဲ့ သံယောဇဉ်ကြောင့် ထင်မထားတဲ့ ကျန်းမာရေး ဆုလာဘ်တွေကိုပါ ဖမ်းယူနိုင်ခဲ့ကြတယ်။ အပြန်အလှန် တန်ဖိုးထားတဲ့အချစ်မှာပဲ အပြန်အလှန် တန်ဖိုးတက်နိုင်ကြတယ်ဆိုတာ မျက်မြင် ထင်ရှားဖြစ်ကြမှာပါ။

၇။ သူတို့စုံတွဲကတော့ ဝိတ်ချတာထက်တောင် ပိုပါတယ်။ ကလေးယူပြီးမှကို အားကစားမောင် နဲ့ အားကစာမယ်အဆင့်ထိ ရောက်သွားခဲ့ကြတယ်။ လင်မယားနှစ်ယောက်စလုံးရဲ့ အချစ်ဟာ အာနိသင် ကြီးခဲ့ပါတယ်။ ကလေးမွေးပြီးနောက် တူနှစ်ကိုယ် ကျန်းမာရေးအတွက်အပြင် ရင်သွေးငယ်အတွက်ပါ စံပြ မိဘတွေအဖြစ် ရပ်တည်နိုင်ကြတော့မှာ အမှန်ပါပဲ။

Ref: brightside.com “18 Couples Who Prove Love Changes People for the Better”

AI ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top