စမတ်ဖုန်းတွေမှာပါဝင်နေတဲ့ အံ့အားသင့်စရာ အချက်တွေ

smartphone-article.jpg

ဒီနေ့ခေတ်မှာ စမတ်ဖုန်းဆိုတာ လူတိုင်းနီးပါး သုံးနေကြတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးအရာတစ်ခုမှာ ကိုယ်မသိသေးတဲ့အချက်တွေ ရှိတယ်ဆိုတာရော သိရဲ့လား။ အထင်မှားနေတာတွေ ရှိလိမ့်မယ်လို့ရော တွေးကြည့်ဖူးပါသလား။

ကဲ ရိုးရာလေးပရိသတ်ကြီးရေ အောက်မှာဖော်ပြပေးထားတဲ့အချက်တွေထဲ ဘယ်အချက်တွေကို သိထားပြီးပြီလဲဆိုတာ ဖတ်ကြည့်ရင်း ပြောပေးသွားပါဦး . . .။

၁။ ဖုန်းအားသွင်းတဲ့အလုပ်က အရေးပါတယ်လို့ ထင်ရင် မှားနေပါပြီ။ ကျွန်တော်တို့တွေ ဒီအချက်တွေနဲ့ အမြဲ ဇဝေဇဝါ ဖြစ်လေ့ရှိပါတယ်။ ဖုန်းကို တစ်ချိန်လုံး အားသွင်းထားရင်း ပစ်ထားလို့ အဆင်ပြေပါ့မလား (သို့) ဖုန်းအား လုံးဝကုန်မှသာ အားသွင်းသင့်တာလား (သို့) ဖုန်းအားသွင်းတဲ့အခါ အားပြည့်မှသာ ပလပ်ဖြုတ်ရမှာလား အစရှိသဖြင့်ပေါ့။ ဒီလိုမျိုး စိုးရိမ်ပူပန်နေတဲ့ အတွေးတွေကို လုံးဝလွှတ်ပစ်လိုက်ပါ။ စမတ်ဖုန်းရဲ့ ပါဝါထိန်းချုပ်မှုအပိုင်းက သင့်ဖုန်းဘက်ထရီကို စောင့်ရှောက်ပေးပါလိမ့်မယ်။

၂။ ဖုန်းတိုင်းဟာ အချိန် အကန့်အသတ်တစ်ခုအထိပဲ သုံးလို့ရတာပါ။ ဘယ်လောက်ပဲ ဂရုတစိုက် ကိုင်တွယ်ပါစေ တစ်ချိန်ချိန်မှာတော့ အစိတ်အပိုင်းတွေက ချို့ယွင်းလာပါလိမ့်မယ်။ စမတ်ဖုန်းတွေရဲ့ အစိတ်အပိုင်းတော်တော်များများက ဈေးကွက်ထဲ မဝင်တဲ့အတွက်ကြောင့် ပြန်လည်အစားထိုးလို့ မရဘဲ ဖုန်းတစ်ခုလုံး လွှင့်ပစ်ရတဲ့အဖြစ်မျိုးတွေ အများကြီးပါ။

၃။ ဖုန်းကုမ္ပဏီတွေရဲ့ အပြောကြောင့် ကိုယ့်ဖုန်းမျက်နှာပြင်က တကယ်ပဲ LED မျက်နှာပြင်လို့ ထင်ရင် မှားသွားမှာပေါ့။ တကယ်က အရည်အသွေးမြင့် LCD မျက်နှာပြင်ရဲ့နောက်ကနေ LED မီးတွေနဲ့ အထောက်အပံ့လုပ်ထားတာပါ။

၄။ ဖုန်းတစ်ခုလုံးက Recycle လုပ်လို့ရပါတယ်။ ဖုန်းတော်တော်များများမှာ ပလက်တီနမ်၊ ရွှေ၊ ငွေ၊ ကြေးနီ အစရှိတဲ့ဓာတ်သတ္တုတွေ ပါဝင်နေပါတယ်။ အများစုက ဖုန်းအသစ်ရရင် ဖုန်းအဟောင်းကို ဒီတိုင်း လွှင့်ပစ်လိုက်ကြပြီး Recycle သေချာ မလုပ်မိကြပါဘူး။

၅။ တစ်နေရာတည်းက ဝယ်ယူထည့်သွင်းထားတာ မဟုတ်တဲ့ ဖုန်းတွေမှာ လုံခြုံရေးစနစ်နဲ့ အာရုံခံစနစ်တွေက အတူတူ အလုပ်ကောင်းကောင်း မလုပ်နိုင်တာမျိုးတွေ၊ ချို့ယွင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအချက်ကြောင့် ဖုန်းရဲ့လုံခြုံရေးစနစ်တွေ ဖောက်ထွင်းခံနေရတာပဲ ဖြစ်ပါတယ်။

၆။ ကိုယ်က ဘာမှမလုပ်တောင် ကိုယ့်ဖုန်းရဲ့ ရေဒီယိုလှိုင်းတွေက အနီးနားမှာရှိတဲ့ Wi-Fi စနစ်တွေ၊ ကွန်ရက်ချိတ်ဆက်မှုတွေကို အနှောင့်အယှက် သွားပေးနေတတ်ပါတယ်။

၇။ ခေတ်မှီလာပြီဆိုပြီး စမတ်ဖုန်းတွေမှာ လှိုင်းဖမ်းကိရိယာတိုင်တွေ မရှိတော့ဘူး ထင်နေပါသလား။ အမှန်က ခေတ်မှီလာလို့ မမြင်ရအောင် ဖုန်းအတွင်းထဲမှာ ထည့်သွင်းလိုက်တာပါ။

တခြားသူတွေလည်း သိရအောင် မျှဝေပေးလိုက်ကြဦးနော် . . .။

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top