မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်တစ်ခုဖြစ်သည့် CB Bank က စီစဉ်ကျင်းပသည့် “သင်၏ EV ကား အိပ်မက်ဆီသို့” ကံထူးရှင်ရွေးချယ်ပွဲနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁:၀၀) နာရီအထိ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤပွဲသည် CB Bank ၏ “100 Days Fixed Deposit” အထူးအစီအစဉ်ကို ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံခဲ့ကြသည့် Customer များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ဤအခမ်းအနားတွင် CB Bank ၏ အမှုဆောင်အရာရှိ ဖြစ်သူ ဦးကျော်သူကိုမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကံထူးရှင်ရွေးချယ်မည့်စနစ်၏ ပွင့်လင်းမြင်သာမှုကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနား၏ အထူးအစီအစဉ်တွင် အောက်ပါကံထူးရှင်များကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ကြေညာခဲ့သည်။


BYD ATTO 3 EV ကားသစ် ကံထူးရှင် (၁) ဦး
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းသို့ နှစ်ဦးခရီးစဉ် (Couple Package) ကံထူးရှင် (၁) ဦး
ရွှေတစ်ကျပ်သား ကံထူးရှင် (၅) ဦး
iPhone 16 (256 GB) ကံထူးရှင် (၃) ဦး စသည်ဖြင့် ရွေးချယ်ခဲ့သည်။
ကံထူးရှင်ရွေးချယ်ရာတွင်လည်း ကြွရောက်လာကြသည့် ဧည့်ပရိသတ်များရှေ့မှောက်၌ မဲနှိုက်စက်မှ ဂဏန်းတစ်လုံးချင်းစီကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးခဲ့ပြီး Digital စနစ်နှင့်လည်း စိစစ်ရွေးချယ်ခဲ့ပါသည်။ ထိုနောက် ကံထူးရှင်များ၏ ဆုများကြေညာခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။
EV ကားဆု ပိုင်ရှင်ဖြစ်သူ ဒေါ်စန်းစန်းညို မဲလက်မှတ် (E391873) သည် ပွဲတွင် ကိုယ်တိုင်ရှိမနေသည့်အတွက် အခမ်းအနားမှူး ကိုကောင်းထက်ဇော်က စင်မြင့်ပေါ်မှ တိုက်ရိုက်ဖုန်းခေါ်ဆိုကာ ကံထူးရှင်ဖြစ်ကြောင်း အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်သည်။



Indonesia Bali Trip (Couple Package) တစ်ဆု –
မဲလက်မှတ် – C839245 | ဦးအေးဝင်းထွဋ် | ဘားအံ
ရွှေတစ်ကျပ်သား (၅) ဆု –
မဲလက်မှတ် – D846248 | ဦးကျင်ထွန်း| ရန်ကုန်
မဲလက်မှတ် – E994742 | ဦးစိန်ကြည် | တောင်ကြီး
မဲလက်မှတ် – B779989 | ဒေါ်သန်းသန်းမြင့် | ပဲခူး
မဲလက်မှတ် – B638641 | ဒေါက်တာပေါ်ထွန်း | နေပြည်တော်
မဲလက်မှတ် – A781065 | ဒေါ်ဆုခင်ဇော် | ရန်ကုန်
iPhone 16 (256 GB) (၃) လုံး –
မဲလက်မှတ် – E642257 | ဦးစိုးသိန်း | ရန်ကုန်
မဲလက်မှတ် – C950673 | ဒေါ်လေးဟုန် | ရန်ကုန်
မဲလက်မှတ် – E584003 | ဦးဇော်ဇော်နေလင်း (ခ) ဦးဇော်နေလင်း | နေပြည်တော်
100 Days Fixed Deposit Lucky Draw ကံထူးရှင်များအားလုံးသည် ပွဲတွင် ကိုယ်တိုင်တက်ရောက်ခဲ့ခြင်းမရှိ၍ အဆိုပါ ကံထူးရှင်များကို သက်ဆိုင်ရာ ဘဏ်ခွဲတာဝန်ခံများ၊ Relationship Manager များက အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးသွားမှာ ဖြစ်ပါသည်။




CB Bank ၏ တာဝန်ရှိလူကြီးမင်းများနှင့် Relationship Manager များ အမှတ်တရဓာတ်ပုံရိုက်ကူး။
CB Bank ၏ အမှုဆောင်အရာရှိချုပ် ဦးကျော်သူကိုက အဖွင့်မိန့်ခွန်းတွင် “ကျွန်တော်တို့ CB Bank ရဲ့ “100 Days Fixed Deposit” အထူးအစီအစဥ်ကြီး ဖြစ်မြောက်အောင် ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးခဲ့ကြတဲ့ Customer ကြီးများကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ဒီနေ့ပွဲဟာ ကျွန်တော်တို့ CB Bank ရဲ့ Customer ကြီးများအားလုံးကို စိတ်ရင်းစိတ်မှန်နဲ့ ကျေးဇူးပြန်လည်တုံ့ပြန်တဲ့ အစီအစဥ်လဲဖြစ်သလို CB Bank ကြီးအနေနဲ့ အများပြည်သူရှေ့မှောက်မှာ ကံထူးရှင်များကို ထင်သာမြင်သာမှုရှိရှိ အမှန်တကယ် ရွေးချယ်ပေးတယ်ဆိုတာကိုလဲ ပြသတဲ့ ပွဲတစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် အမှုဆောင်အရာရှိချုပ် ဦးကျော်သူကိုက CB Bank သည် “The Asset Triple A” က ချီးမြှင့်သော “Digital Bank of the Year 2025” ဆုကို ရရှိထားပြီး လူမှုပတ်ဝန်းကျင်အတွက် ပြည့်စုံသော ဒီဂျစ်တယ်အနာဂတ်ကို ဖန်တီးပုံဖော်နိုင်ရန် ယုံကြည်မှုအပြည့်ဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောင်လာမည့် စိတ်လှုပ်ရှားဖွယ်ရာ Campaign အစီအစဉ်များစွာတွင်လည်း ဆက်လက်ပါဝင်ပေးကြရန် ထပ်လောင်းပြောကြားခဲ့သည်။
#CBBank
NZ ( ရိုးရာလေး)

