TikTok မှ မြန်မာနိုင်ငံရှိ TikTok အသုံးပြုသူများအတွက် TikTok Now ကို မကြာခင် တရားဝင် စတင်မိတ်ဆက်တော့မည်

TikTok-Now.png

TikTok မှ မြန်မာနိုင်ငံရှိ TikTok အသုံးပြုသူများအတွက် TikTok Now ကို မကြာခင် တရားဝင် မိတ်ဆက်ပေးတော့မည်ဖြစ်သည်။ TikTok မှ ဖန်တီးဆန်းသစ်ထားသည့် TikTok Now သည် အသုံးပြုသူများအတွက် ဖျော်ဖြေမှုတွေကို ခံစားနိုင်ပြီး အခြားသူများနှင့် ချိတ်ဆက်ရန်အတွက် နောက်ဆုံးပေါ် နည်းလမ်း အသစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။ TikTok Now သည် အသုံးပြုသူများအတွက် အရေးပါဆုံးသောသူများနှင့်အတူ အစစ်အမှန်ဆုံး အခိုက်အတန့်များ မျှဝေနိုင်မည့် နေ့စဉ် ပုံရိပ်များနှင့် ဗီဒီယို အတွေ့အကြုံတစ်ခုဖြစ်လာမည်ဖြစ်သည်။ TikTok Now သည် သင်နှင့် အနီးကပ်ဆုံးသူများကို ဆက်သွယ်ချိတ်ဆက်ပေးမည့် TikTok ၏ စစ်မှန်သော ဖန်တီးမှု အတွေ့အကြုံသစ်ကို ယူဆောင်လာတော့မည်ဖြစ်သည်။

TikTok Now သည် အသုံးပြုရ လွယ်ကူသော ပုံစံဖြင့် ပိုမိုနက်ရှိုင်းသည့် ချိတ်ဆက်မှုများနှင့် ပျော်ရွှင်စရာ ဖျော်ဖြေမှုများကို ဖန်တီးပေးနိုင်ရန် အသုံးပြုသူများအနေဖြင့် လက်ကိုင်ဖုန်း၏ ရှေ့နှင့် နောက်ကင်မရာများကို အသုံးပြုပြီး ဗီဒီယိုနှင့် ဓာတ်ပုံများကို အချိန်နှင့် တပြေးညီ ဖမ်းယူရိုက်ကူးနိုင်မည်ဖြစ်သည်။ TikTok Now တွင် ဗီဒီယို သို့မဟုတ် ဓာတ်ပုံများကို လွယ်ကူလျင်မြန်စွာ ဝေမျှနိုင်ရန်အတွက် ၁၀ စက္ကန့်စာ ဗီဒီယို သို့မဟုတ် ဓာတ်ပုံအငြိမ် ရိုက်ကူးရန် နေ့စဉ် အကြောင်းကြားစာတိုလေးတစ်ခုလည်း ရရှိမည်ဖြစ်သည်။

TikTok မှ TikTok Now ဖြင့် လာမည့်ရက်သတ္တပတ်များအတွင်း စမ်းသပ်လုပ်ဆောင်လျက်ရှိနေပြီး မကြာခင် မြန်မာနိုင်ငံတွင် TikTok Now ကို TikTok နှင့် TikTok Now App အသစ် နှစ်ခုစလုံးမှ ဝင်ရောက်ကြည့်ရှု အသုံးပြု နိုင်တော့မည်ဖြစ်သည်။ အခြားဒေသများတွင် TikTok Now ကို TikTok ထဲမှ ဝင်ရောက်၍ အသုံးပြုနိုင်သလို TikTok Now App အသစ်တစ်ခုအနေဖြင့်လည်း ဒေါင်းလုဒ်ဆွဲ အသုံးပြုနိုင်သည့်အပြင် အမျိုးအစား နှစ်မျိုးလုံးဖြင့်လည်း စိတ်ကြိုက် အသုံးပြုနိုင်မည်ဖြစ်သည်။ TikTok လူမှုအသိုင်းအအဝိုင်းအနေဖြင့် ယခု ဖန်တီးမှုပုံစံအသစ်ကို အသုံးပြုအနေဖြင့် မည်သို့ လက်ခံလာကြမည်ကို ပိုမိုရှာဖွေလေ့လာခြင်းအားဖြင့် သုံးစွဲသူအတွေ့အကြုံကို ဆက်လက် မြှင့်တင်သွားမည်ဖြစ်သည်။

TikTok လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး၏ ဘေးကင်းလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလေးထားပြီး TikTok Now ကို ရေးဆွဲဖန်တီးထားသည်။အကြောင်းအရာ ဖန်တီးသူများအနေဖြင့် ၎င်းတို့၏ အကြောင်းအရာကို ကြည့်ရှုမည့်သူများနှင့် Engage လုပ်မည့်များသူကို ရွေးချယ်ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ အခြားသူများကို Block ခြင်းနှင့် ၎င်းတို့၏ အကြောင်းအရာအောက်တွင် မည်သည့်မှတ်ချက်များ ထားရှိမည်ဆိုသည့်အချက်များကိုလည်း ရွေးချယ်ဆုံးဖြတ် နိုင်မည်ဖြစ်သည်။ TikTok ၏ လူမှုအသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ချိုးဖောက်မှုတစ်စုံတစ်ရာ တွေ့ရှိပါက တိုင်ကြား နိုင်မည်ဖြစ်ပြီး TikTok အနေဖြင့် ပြန်လည် ဆန်းစစ်ကြည့်ရှုသွားမည် ဖြစ်သည်။

TikTok အနေဖြင့် ထုတ်ကုန်အသစ်များကို မိတ်ဆက်သည့်အခါ မြန်မာ လူမှုအသိုင်းအဝိုင်း၏ ဘေးကင်းလုံခြုံမှုကို အလေးအနက်ထား စဥ်းစားပြီး ဆယ်ကျော်သက် လူငယ်လေးများအတွက် ဘေးကင်းလုံခြုံမှုနှင့် စိတ်ချမှုရှိစေရန် တစ်ဆင့်ထက် တစ်ဆင့် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ ၎င်းတို့မှာ

  • အသက် ၁၆ နှစ်အောက် အရွယ် တစ်စုံတစ်ဦးမှ TikTok Now App အကောင့်ဖွင့်မည်ဆိုလျှင် TikTok ကဲ့သို့ပင် ၎င်းတို့၏ အကောင့်သည် သီးသန့် Private အဖြစ် အလိုအလျောက်သတ်မှတ်ထားမည်ဖြစ်သည်။
  • အသက် ၁၈ နှစ်အောက် အသုံးပြုသူများအနေဖြင့် Explore Feed တွင် အကြောင်းအရာများ မျှဝေနိုင်မည် မဟုတ်ပါ။
  • အသက် ၁၃ နှစ်နှင့် ၁၅ နှစ်ကြား အသုံးပြုသူများအနေဖြင့် မလိုအပ်သော ဆက်သွယ်ပြောဆိုခံရမှုများမှ ကာကွယ်ပေးရန် Friends Only ဖြင့်သာ မှတ်ချက်ပေးခြင်းကို ရွေးချယ်နိုင်မည်ဖြစ်သည်။
  • အသက် ၁၈ နှစ် နှင့် အထက် အသုံးပြုသူများအတွက် မျှဝေနိုင်ရန် အပိုထပ်ဆောင်း Setting များ ထပ်မံပါဝင်လာမည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် Mutual Friend နှင့် အကြောင်းအရာများကို မျှဝေနိုင်မည့်အပြင် ရွေးချယ်ထားသည့် Privacy Setting များအပေါ် အခြေခံ၍ ပိုမိုကျယ်ပြန့်သော TikTok Now လူမှုအသိုင်းအဝိုင်းတွင် မျှဝေရန် ရွေးချယ်နိုင်မည် ဖြစ်သည်။

အလိုအလျောက် သတ်မှတ်ထားပေးသည့် Setting မှာ “Friend များ ကြည့်ရှုနိုင်သည့် (Friends can view)” ဖြစ်သည်။ TikTok Now တွင် အသုံးပြုသူများအနေဖြင့် Privacy setting ကို ပြောင်းလဲရန်အတွက် အောက်ပါအချက်အလက်များကို ပြုလုပ်နိုင်သည်။

Post မျက်နှာပြင်ပေါ်တွင် Friend များ ကြည့်ရှုနိုင်သည်။ (Friends can view) သင်၏ TikTok Now Post များကို ကြည့်ရှုရန် သင်ခွင့်ပြုလိုသူကို ရွေးချယ်ပါ။Friend များ ကြည့်ရှုနိုင်သည် (Friends can view) : သင် Follow လုပ်ထားပြီး သင့်ကိုလည်း Follow ပြန်လုပ်ထားသူ မည်သူမဆို သင့် TikTok Now ကို ကြည့်ရှုနိုင်သည်။အားလုံးကြည့်ရှုနိုင်သည် (Everyone) : သင့်ဒေသရှိ မည်သူမဆို သင်၏ TikTok Now Post များကို ကြည့်ရှု နိုင်သည်။ သင့်ကို Follow မလုပ်သူများ သို့မဟုတ် သင်ပြန်ပြီး Follow မလုပ်ထားသောသူများသည် သင်၏ TikTok Now Post များတွင် မှတ်ချက်ပေးခြင်း သို့မဟုတ် အပြန်အလှန် ဆက်သွယ်ခြင်း မပြုနိုင်သည်ကို သတိပြုပါ။

TikTok အနေဖြင့် TikTok လူမှုအသိုင်းအဝိုင်းကို TikTok တွင် ဖျော်ဖြေမှုများ ဆက်လက်ဖန်တီးခံစားသည့်အပြင် စစ်မှန်သော ဆက်နွှယ်ချိတ်ဆက်မှုများကိုလည်း တည်ဆောက်နိုင်စေရန် ပိုမိုအဆင်ပြေချောမွေ့သော နည်းလမ်းများကို အမြဲကြိုးစားရှာဖွေနေသည်။ TikTok Now သည် လာမည့် ရက်သတ္တပတ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများထံသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top