မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်တဲ့နေ့ကနေ စက်တင်ဘာ ၂၁ ရက်အထိ တရားခံ ၁၂၀၀ ခန့် ဖမ်းဆီးရမိခဲ့တဲ့သတင်း

yyl-007-8.jpg

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇွန် ၂၆ ရက်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်အထိ ပေးပို့တိုင်ကြားချက်များကို စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၇၆၁ မှု ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံပေါင်း ၁၂၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါတရားခံများတွင် ကျား ၉၉၉ ဦး၊ မ ၁၈၄ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဘိန်းဖြူ၊ ဘိန်း၊ အဆင့်နိမ့်ဘိန်း၊ ဘိန်းစာမှုန့်၊ ဘိန်းစာရွက်၊ ဘိန်းစာရည်၊ ဘိန်းရည်၊ ဘိန်းဆီခဲ၊ ဘိန်းစေ့၊ ICE ၊ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ Ecstasy အကြေများအပြင် လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၂၅၇ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နှင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျလက်ခံရယူနိုင်ရန် ယင်းဌာနကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးသတင်းများနှင့် ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top