ဗိုက်ထဲအစာမရှိခင် စားပေးသင့်တဲ့ ကိုယ်ခံအားတိုးစေတဲ့ အရာများ

boost-immunity.jpg

ကိုယ်ခံအားကောင်းဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့အားလုံး ကောင်းကောင်းနားလည်ထားကြပါတယ်။ ကိုဗစ်ကပ်ရောဂါကလည်း ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ရောဂါအလွယ်တကူမဝင်ရောက်နိုင်အောင် ကိုယ်ခံအားကောင်းစေမယ့် နည်းလမ်းတွေကို ရှာဖွေနေကြရပါတယ်။

ဗိုက်ထဲအစာမရှိဘဲ တချို့ပါဝင်ပစ္စည်းတွေကို စားသုံးပေးတာကလည်း ကိုယ်ခံအားတိုးလာစေဖို့အတွက် အကူအညီဖြစ်ပါတယ်။ တချို့အစားအစာတွေက ဗိုက်ထဲ အစာမရှိတဲ့အချိန် စားပေးတာ ပိုပြီးကောင်းပါတယ်။ သင့်ရဲ့အစာခြေစနစ်က အခြားအရာတွေကြောင့် အဟန့်အတားမဖြစ်စေတဲ့အတွက်ကြောင့်ပါ။ ဒါက သင့်ကို အကျိုးကျေးဇူးပိုပြီးရအောင် ကူညီပေးပါတယ်။

ဗိုက်ထဲ အစာမရှိခင် စားလို့ရတဲ့ ပါဝင်ပစ္စည်းတွေကတော့

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အန်တီဘိုင်အိုတစ်နဲ့ အန်တီဘတ်တီးရီးရယ်ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဒါက ရောဂါပိုးကူးစက်မှုကို သဘာဝအလျောက်ဖယ်ရှားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သွေးအတွင်း သကြားဓာတ်ကို ထိန်းနိုင်အောင်၊ နှလုံးကျန်းမာရေးကို ကောင်းမွန်အောင်၊ အဆုတ်နဲ့ ဆက်စပ်တဲ့ပြဿနာတွေကို ကုသပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်။ မနက်ခင်း အစာမစားခင် ကြက်သွန်ဖြူကို စားပေးတာက ရောဂါပိုးမွှားတွေ အလွယ်တကူမဝင်ရောက်လာအောင် ဟန့်တားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူနှစ်မွှာကို ရေနွေးနဲ့ စားပေးနိုင်ပါတယ်။

ဆီးဖြူသီး

ဆီးဖြူသီးကလည်း ဗီတာမင်စီပြည့်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ ဗိုက်ထဲအစာမရှိခင် ရေနွေးထဲ ဆီးဖြူသီးကို ခြစ်ထည့်ပြီး သောက်ပေးနိုင်ပါတယ်။ အန်တီအောက်စီဒန့်ဓာတ် ကြွယ်ဝတဲ့အတွက်လည်း အစာမရှိဘဲ ဆီးဖြူသီးကို စားသုံးတဲ့အခါ ခန္ဓာကိုယ်အတွင်းပိုင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အသားရေကိုလည်း ကြည်လင်ဝင်းပစေနိုင်တဲ့အပြင် ဆံသားကိုလည်း တောက်ပစေနိုင်စွမ်းရှိပါတယ်။

ပျားရည်

ရေနွေးနဲ့ ပျားရည် (စားပွဲတင်ဇွန်း (၁) ဇွန်း) တို့ကို ဗိုက်ထဲအစာမရှိခင် သောက်သုံးပေးတာက ကိုယ်အလေးချိန်လျော့နည်းစေဖို့အတွက်ရော ကိုယ်ခံအားစနစ်ကောင်းစေဖို့အတွက်ပါ အကူအညီဖြစ်စေပါတယ်။ နောက်ထပ်အာဟာရဓာတ်နဲ့ အရသာကောင်းစေချင်ရင်တော့ သံပုရာညှစ်ထည့်ပြီး သောက်ပေးလို့ရပါတယ်။ အန်တီအောက်စီဒန့်ပြည့်ဝပြီး ခန္ဓာကိုယ်က free radical တွေကို တိုက်ဖျက်နိုင်အောင် ကူညီပေးပါတယ်။ အန်တီဘတ်တီးရီးရယ်ဂုဏ်သတ္တိလည်း ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်ပါတယ်။

Ref: ​Boosting immunity: Foods you must eat on an empty stomach boost immunity
​WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top