အမေနဲ့ သမီး ၂ ယောက်လုံး ဆေးတက္ကသိုလ်ကနေ တစ်နေ့တည်းဘွဲ့ရပြီး ဆေးရုံတစ်ခုတည်းမှာ တာဝန်ကျ

intl5601.jpg

အမေရိကန်နိုင်ငံမှာ အမေနဲ့ သမီး ၂ ယောက်လုံး ဆေးတက္ကသိုလ်ကနေ တစ်နေ့တည်း ဘွဲ့ရပြီး ဆေးရုံတစ်ခုတည်းမှာ တာဝန်ကျခဲ့ပါတယ်။ စင်သီယာကတ်ဂျီနဲ့ ဂျက်စမင်တို့ သားအမိဟာ ဆေးတက္ကသိုလ်ကို တပြိုင်တည်း တက်ခဲ့တာဖြစ်ပေမဲ့ တက်တဲ့ကျောင်းချင်းတော့ မတူပါဘူး။ စင်သီယာက စိန့်ကစ်မြို့မှာရှိတဲ့ ဆေးနှင့်ကျန်းမာရေးသိပ္ပံတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာဖြစ်ပြီး ဂျက်စမင်ကတော့ နယူးအော်လင်းမြို့မှာရှိတဲ့ လူဝီစီယားနားပြည်နယ် ဆေးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာပါ။

ဂါနာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ စင်သီယာဟာ ဆရာဝန်ဖြစ်ချင်ခဲ့ပေမဲ့ အသက် ၂၃ နှစ်အရွယ်မှာ ကိုယ်ဝန်ရှိခဲ့လို့ သူ့အိပ်မက်ကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အသက် ၄၃ နှစ်အရွယ်မှာတော့ ဆေးတက္ကသိုလ်ကနေ ဘွဲ့ရအောင်ယူဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ သူ့သမီး ဂျက်စမင်ကလည်း လူဝီစီယားနားပြည်နယ် ဆေးတက္ကသိုလ်မှာ တက်နေပါပြီ။ အရင်တုန်းက မခွဲအတူ နေခဲ့ကြတဲ့ သားအမိနှစ်ယောက်ဟာ တစ်ယောက်၊ တစ်နေရာစီမှာ ကျောင်းတက်ခဲ့ရလို့ အခက်အခဲတွေ ရှိခဲ့ပေမဲ့ FaceTime ၊ Skype စတဲ့ app တွေကတစ်ဆင့် ဆက်သွယ်ခဲ့ပါတယ်။ စင်သီယာနဲ့ ဂျက်စမင်တို့ဟာ ဆေးနှင့်ကျန်းမာရေးသိပ္ပံတက္ကသိုလ်မှာ အတူတကွ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး စင်သီယာက မိသားစုကျန်းမာရေးဆရာဝန်၊ ဂျက်စမင်က အထွေထွေခွဲစိတ်ဆရာဝန်အဖြစ် ဆောင်ရွက်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top