ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း

28.8.2024-yyl-3.jpg

၁၆၉၆ ခုနှစ်က ထုတ်လုပ်ထားတဲ့ ကော့ညက်ပုလင်းဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်းအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ သက်တမ်း ၃၂၈ နှစ်ရှိတဲ့ Jules Robin Cognac ပုလင်းကို နယ်သာလန်နိုင်ငံသား လားစ်ဂျန်ဆင်က စုဆောင်းထားခဲ့တာဖြစ်ပြီး ယခင်စံချိန်တင်ထားတဲ့ ကော့ညက်ပုလင်းထက် နှစ် ၆၀ ကျော် သက်တမ်းပိုရင့်ပါတယ်။

ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်းအဖြစ် ယခင်စံချိန်တင်ထားတာကတော့ ၁၇၆၂ ခုနှစ်က ကော့ညက်ပုလင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က Sotheby လေလံပြပွဲမှာ အမေရိကန်ဒေါ်လာ ၁၄၆၀၀၀ နဲ့ လေလံအောင်သွားခဲ့တာပါ။

ကော့ညက်ဆိုတာ စပျစ်သီးကို ချက်ထားတဲ့ ဘရန်ဒီတစ်မျိုးဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ဒေသတချို့မှာ စတင်သောက်သုံးခဲ့ကြတာ ဖြစ်ပါတယ်။

Ref: Bottle of cognac from 1696 confirmed as the world’s oldest

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top