အိမ်ထောင်ရေး ပြိုကွဲမလိုဖြစ်နေချိန်မှာ အေမာခန်းက သူ့ဇနီးကို မာစီးဒီးစ်ကားသစ်တစ်စီး လက်ဆောင်ပေး

11.8.23-yyl-6.jpg

အသက် ၂၅ နှစ်အရွယ် ဗြိတိန်မော်ဒယ် ဆူမိုင်ရာထံ စာပို့ပြီး လိင်အသားပေးဓာတ်ပုံတွေ တောင်းခဲ့လို့ အိမ်ထောင်ရေးပြိုကွဲမလို ဖြစ်နေတဲ့ ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမားဟောင်း အေမာခန်းက သူ့ဇနီး မက်ခ်ဒွန်းကို ပေါင် ၁၃၀၀၀၀ တန်ကြေးရှိတဲ့ မာစီးဒီးစ်ကားတစ်စီး လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။

အေမာခန်းက သူ့ဇနီးကို ပြန်ချော့တဲ့အနေနဲ့ ဖဲကြိုးနီတွေ အလှဆင်ထားတဲ့ Mercedes G-Class ကား လက်ဆောင်ပေးခဲ့တာဖြစ်မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။ အေမာခန်းဟာ ပြီးခဲ့တဲ့ဇွန်လက သူတို့အိမ်ထောင်သက် ၁၀ နှစ်ပြည့် အထိမ်းအမှတ်နေ့ တစ်ဝိုက်မှာ ဆူမိုင်ရာထံက လိင်အသားပေးဓာတ်ပုံတွေ တောင်းခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။

ဘီဘီစီရဲ့ အစီအစဉ်တင်ဆက်သူ ဆူဇီမန်းကလည်း အေမာခန်းက သူ့ကို ညစ်ညမ်းတဲ့ မက်ဆေ့တွေ ပို့ခဲ့ပြီး ၂၀၁၆ ခုနှစ်က မန်ချက်စတာမြို့က ဖျော်ဖြေပွဲတစ်ခုမှာ အသားယူ ထိကိုင်ခဲ့ဖူးတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။

ပါကစ္စတန်နွယ်ဖွား ဗြိတိန်လက်ဝှေ့သမားဟောင်း အေမာခန်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကြားကာလအတွင်း WBA ၊ IBF ချန်ပီယံခါးပတ်တွေ အပါအဝင် လိုက်ဝယ်တာဝိတ်တန်းရဲ့ ချန်ပီယံခါးပတ်တွေကို တပေါင်းတစည်းတည်း ရရှိခဲ့သူပါ။

Ref: Boxer Amir Khan gifts wife expensive car to ‘save marriage’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top