အသင်းဖော်တစ်ဦးအတွက် သူ့ရဲ့ပညာသင်ဆုကို စွန့်လွှတ်ခဲ့တဲ့ ကောလိပ်ဘောလုံးကစားသမား

11.8.23-yyl-8.jpg

ဘရီရန် ဒိုလေး အမည်ရတဲ့ ကောလိပ်ဘောလုံးကစားသမားတစ်ဦးဟာ သူ့ရဲ့အသင်းဖော်ကို ကူညီဖို့အတွက် ကိုယ်ကျိုးမဖက်တဲ့လုပ်ရပ်ကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့အသင်းဖော် ဇက် ကွန်တီကို သူ့ရဲ့ပညာသင်ဆုကို ပေးပစ်ခဲ့တာပါ။ ဘရီရန်က ဇက်ဟာ ကျောင်းတတ်ဖို့ အလုပ်မျိုးစုံလုပ်နေရတာကို သတိပြုမိခဲ့တာပါ။

ဇက်က ကျောင်းစရိတ်ပေးဖို့အတွက် ဒီဆောင်းဦးမှာ သူ့ရဲ့သွေးရည်ကြည်ရောင်းချရတော့မှာပါ။ အသင်းအတွက် နောက်ထပ်ပညာသင်ဆုပေးဖို့လည်းမရှိတော့ပါဘူး။ တစ်နှစ်ကို အသင်းသားတွေကို ပညာသင်ဆု ၈၅ ဆု ထောက်ပံ့ပေးပါတယ်။ ဘရီရန်က ဇက်ရဲ့အခြေအနေကို သိပြီး အသင်းနည်းပြကို အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “နည်းပြခင်ဗျာ..ပညာသင်ဆုကို ဇက် ရသွားပါပြီ။ ကျွန်တော် ဒီကိစ္စကို ကျွန်တော့်မိသားစုနဲ့ ပြောပြီးသွားပါပြီ။ ဒါကို ဖြစ်မြောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းရှိရင် ဇက် ကွန်တီအတွက် လက်ဆောင်အဖြစ် ကျွန်တော့်ရဲ့ပညာသင်ဆုကို စွန့်လွှတ်ဖို့ ဆန္ဒရှိပါတယ်”တဲ့။

ပြောပြီးသွားတော့ ဘရီရန်က နည်းပြကို ပညာသင်ဆုပါတဲ့စာအိတ် ပေးခဲ့ပါတယ်။ အသင်းသားတွေကလည်း ဘရီရန်ရဲ့လုပ်ရပ်အတွက် အားပေးဂုဏ်ပြုခဲ့ကြပါတယ်။ ဇက်က ဘရီရန်ကို အရမ်းလေးစားပြီး အရမ်းကျေးဇူးတင်နေတာပါ။ နည်းပြနဲ့ ဘရီရန်တို့က သူ ပညာသင်ဆုရဖို့ ကြိုးစားပေးနေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဘရီရန်ရဲ့ပညာသင်ဆုက သူ့အတွက် ဖြစ်လာလိမ့်မယ်ဆိုတာကိုတော့ သူမသိခဲ့ပါဘူး။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးက နောက်ဆုံးတော့ ဆုလာဘ်ချီးမြှင့်ခံရသလို ခံစားရတယ်လို့ ဇက်က ပြောပါတယ်။ ဇက်ရဲ့မိခင်က ကျောက်ကပ်ရေအိတ်တည်တဲ့ရောဂါရှိနေပြီး ကျောက်ကပ်အစားထိုးဖို့လိုအပ်နေပါတယ်။

Ref: A college football player knew his teammate donated plasma to afford school. So, he gave him his scholarship.

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top