ကလေးငယ်ကို ဝက်ဝံရန်က ကာကွယ်ပေးခဲ့တဲ့ ခွေးလေး

11.8.23-yyl-5.jpg

သတ္တိကောင်းတဲ့ golden retriever ခွေးက ၄ နှစ်အရွယ် ကလေးငယ်ကို ဝက်ဝံရန်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကွန်နက်တီကပ်ပြည်နယ်မှာ ဝက်ဝံတစ်ကောင် ခြံထဲဝင်လာပြီး ခြံဝင်းထဲ ဆော့ကစားနေတဲ့ ကလေးငယ် ဂါဗင်ကို ရန်မူဟန် ပြင်ခဲ့တာပါ။

အဲဒီအချိန်မှာပဲ ဂျိတ်လို့ အမည်ရတဲ့ golden retriever ခွေးက ဝက်ဝံဆီ တဟုန်ထိုး ပြေးသွားခဲ့လို့ ဝက်ဝံလည်း ထွက်ပြေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ ကလေးငယ် ဂါဗင်ရော၊ ခွေးလေး ဂျိတ်ရော ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း မရှိပါဘူး။

ဗီဒီယိုကြည့်ရန် လင့်ခ်

Ref: Caught On Camera: Golden Retriever Protects 4-Year-Old From Bear

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top