စွန့်ပစ်ခံခွေးလေးနဲ့အတူ ရင်ထဲထိစေမယ့် စာလေးတစ်စောင်

9-26-2022-yyl-25.jpg

စွန့်ပစ်ခံခွေးလေး ရီနီ

ဘဝမှာ လူတစ်ယောက်ဟာ တစ်ခါတလေ ရင်ကွဲခံပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချကြရပါတယ်။ ရင်ကွဲခံပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချလိုက်ရတဲ့အထဲမှာ မက္ကဆီကိုနိုင်ငံက (၁၂) နှစ်အရွယ်ကောင်လေးလည်းအပါအဝင်ပါပဲ။

(၁၂) နှစ်အရွယ်ကောင်လေး အန်ဒရီဟာ သူ့ခွေးလေးကို အရုပ်လေးနဲ့အတူ ကတ်ထူဘူးတစ်ခုထဲ ထည့်ပြီး စာလေးတစ်စောင်နဲ့အတူ တိရစ္ဆာန်စောင့်ရှောက်ရေး‌ဂေဟာရှေ့ လာစွန့်ပစ်ခဲ့တာပါ။ ခွေးလေးကို စွန့်ပစ်ရတဲ့အကြောင်းအရင်းကို စာထဲမှာ ရေးထားပါတယ်။ ဒီစာလေးက ဖတ်ရသူတိုင်းကို စိတ်မကောင်းဖြစ်သွားစေနိုင်ပါတယ်။

“ကျွန်တော့်နာမည် အန်ဒရီပါ။ (၁၂) နှစ်ပါ။ ခွေးလေးကို တိရစ္ဆာန်ဂေဟာရှေ့မှာ စွန့်ပစ်ဖို့ ကျွန်တော့်အမေနဲ့ ကျွန်တော် ဆုံးဖြတ်ခဲ့ရတယ်။ ကျွန်တော့်အဖေက သူ့ကို ရောင်းပစ်ဖို့ စဉ်းစားနေခဲ့လို့ ကျွန်တော့်အဖေမသိအောင် အခုလိုလုပ်လိုက်ရတာပါ။

စွန့်ပစ်ခံခွေးလေးနဲ့အတူ ရင်ထဲထိစေမယ့် စာလေးတစ်စောင်

ကျွန်တော့်အဖေက ခွေးလေးကို အမြဲရိုက်တယ်။ ကန်တယ်။ အရမ်းကြီးကန်ခံရတဲ့အခါတုန်းက ခွေးလေးရဲ့အမြီးလေး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်။ တိရစ္ဆာန်ဂေဟာက သူ့ကို ကူညီပေးနိုင်မယ်။ သူ့ကို စောင့်ရှောက်ပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကစားစရာအရုပ်လေးရော ပါ ပါတယ်။ ဒါမှ သူ ကျွန်တော့်ကို မမေ့မှာ”လို့ စာထဲမှာ ရေးထားပါတယ်။

ခွေးလေးရဲ့နာမည်ကတော့ ရီနီလို့ သိရပါတယ်။ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာ Xollin က ခွေးလေး ရီနီကို သူတို့ဂေဟာရှေ့မှာတွေ့ပြီးကယ်တင်ခဲ့ပါတယ်။ သူ့ကို မွေးမယ့်ပိုင်ရှင်ကို တွေ့ဖို့ မျှော်လင့်နေရပါတယ်။ အခုဆို ရီနီက အခြားခွေး (၂၀၃) ကောင်နဲ့အတူ တိရစ္္ဆာန်ဂေဟာမှာ နေထိုင်ရင်း ပျော်ရွှင်နေပါတယ်။

Ref: Ladbible “Boy abandons puppy in box with heartbreaking note”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top