၂၀၂၃ ခုနှစ် Super Bowl Halftime Show မှာ ဖျော်ဖြေတင်ဆက်မယ့် ရီဟားနား

9-26-2022-yyl-27.jpg

၂၀၂၃ ခုနှစ် Super Bowl Halftime Show မှာ ဖျော်ဖြေတင်ဆက်မယ့် ရီဟားနား

ကမ္ဘာကျော်အဆိုတော် ရီဟားနားဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Super Bowl Halftime Show မှာ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ ရီဟားနားဖျော်ဖြေတင်ဆက်မယ်ဆိုတာကို National Football League (NFL) က ဘောလုံးကို ကိုင်နေတဲ့ ရီဟားနားရဲ့လက်ပုံကို “Let’s Go” ဆိုတဲ့စာသားနဲ့အတူ တနင်္ဂနွေက လူမှုကွန်ယက်မှာ မျှဝေခဲ့ပါတယ်။ အဲဒီပုံကိုပဲ အဆိုတော် ရီဟားနားကလည်း တင်ထားပါတယ်။

Super Bowl ဂိမ်းပြိုင်ပွဲကို အရီဇိုးနားပြည်နယ်၊ ဂလန်ဒါလီမြို့က State Farm Stadium မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကျင်းပသွားမှာဖြစ်ပါတယ်။ Apple Music က Super Bowl Halftime Show အတွက် Apple Music က ပါတနာအသစ်အနေနဲ့ စပွန်ဆာပေးသွားမှာဖြစ်တယ်ဆိုတာကို NFL က စက်တင်ဘာ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပြီးတဲ့နောက်မှာ ဒီသတင်းထွက်ရှိလာခဲ့တာပါ။ အရင်တုန်းကတော့ Pepsi က နှစ်အကြာကြီး စပွန်ဆာအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

National Football League (NFL) နဲ့ ရီဟားနား တင်ခဲ့တဲ့ ပုံ

၂၀၁၉ ခုနှစ် အောက်တိုဘာတုန်းက ရီဟားနားက Super Bowl Halftime Show မှာ ပါဝင်ဖို့ NFL ရဲ့ ကမ်းလှမ်းချက်ကို ငြင်းခဲ့ဖူးပါတယ်။ အရင်က Super Bowl Halftime Show မှာပါဝင်ခဲ့သူတွေကတော့ ပရင့်စ် (၂၀၀၇)၊ ဘီယွန်းစေး (၂၀၁၃)၊ ဘရူနို မားစ် (၂၀၁၄)၊ ကေတီပယ်ရီ (၂၀၁၅)၊ Coldplay (၂၀၁၆)၊ လေဒီဂါဂါ (၂၀၁၇)၊ ဂျက်စတင် တင်ဘာလိတ်ခ် (၂၀၁၈)၊ Maroon 5 (၂၀၁၉)၊ ရှကီရာနဲ့ ဂျနီဖာလိုပက်ဇ် (၂၀၂၀)၊ The Weeknd (၂၀၂၁) နဲ့ Dr. Dre၊ အမ်မီနမ်၊ စနုဒေါ့၊ မယ်ရီ ဂျေဘလိတ် (၂၀၂၂) တို့ပါပဲ။ ပြီးခဲ့တဲ့နှစ် Super Bowl Halftime Show အတွင်း ၁၅ ကြိမ် ဂရမ်မီဆုရှင် အမ်မီနမ်က “Lose Yourself” သီချင်းကို ဖျော်ဖြေတင်ဆက်ရင်း စင်ပေါ်မှာ ဒူးထောက်ဦးညွှတ်ခဲ့ပါတယ်။

Ref: ABCNews “Rihanna to perform during 2023 Super Bowl halftime show”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top