(၂) နှစ်အကြာမှာ လေကြောင်းနဲ့အာကာသပညာဆိုင်ရာအင်ဂျင်နီယာဘွဲ့ကို ရရှိမယ့် ဉာဏ်ကြီးရှင်လေး

19-10-2020-yyl-020.jpg

ဉာဏ်ကြီးရှင်လူငယ်လေးတစ်ယောက်ကတော့ (၂) နှစ်အတွင်းမှာ လေကြောင်းနဲ့အာကာသပညာဆိုင်ရာအင်ဂျင်နီယာပညာရပ်ဘွဲ့ကို ရရှိတော့မယ့် လမ်းကြောင်းပေါ်ရောက်နေပြီး တစ်နေ့မှာ SpaceX ကုမ္ပဏီရဲ့အီလွန်မာ့စ်အတွက် အလုပ်လုပ်ပေးနိုင်ဖို့နဲ့ အာကာသထဲသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ သူကတော့ အသက် (၁၂) နှစ်အရွယ် ကာလက်ဘ် အန်ဒါဆန် (Caleb Anderson) ဆိုတဲ့ ကောင်လေးဖြစ်ပြီး အခုနှစ်ထဲ Georgia Tech မှာ တက်ရောက်တော့မှာဖြစ်ပါတယ်။ အရာဝတ္ထုကြီးကြီးမားမားတွေကို လုပ်နိုင်ဖို့အတွက် အမြော်အမြင်လည်းရှိပြီးသားပါ။

ဉာဏ်ကြီးရှင်လေးဟာ အသက် (၉) လ အရွယ်ကတည်းက လက်ဟန်ပြဘာသာစကားကို သိပြီး အသက် (၁) နှစ်မှာ စာဖတ်နိုင်ကာ အသက် (၂) နှစ်မှာ အပိုင်းဂဏန်းတွေကို တွက်နိုင်နေပါပြီ။ ဒါပေမဲ့ ကာလက်ဘ်က “ကျွန်တော် တကယ်တော့ မတော်ပါဘူး။ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ဖမ်းဆုပ်နိုင်ရုံပါ။ ဒါကြောင့် ကျွန်တော် မြန်မြန်သင်ယူနိုင်ရင် မြန်မြန်ရှေ့ရောက်တာပါပဲ။ ဒါက ကျွန်တော့်ဘဝပါ။ ဒါက ကျွန်တော် ဘယ်လိုလဲဆိုတာပါ။ ကျွန်တော် တစ်ဘဝလုံးကို ဒီနည်းနဲ့ နေထိုင်နေတယ်”လို့ ပြောပါတယ်။ အရမ်းတော်ပြီး ထက်မြက်နေရတာက ကာလက်ဘ်အတွက် အမြဲမလွယ်ကူခဲ့ပါဘူး။ အလယ်တန်းကျောင်းမှာ အဆင်မပြေဘူး။ အဲဒီက ကလေးတွေဟာ ကျွန်တော့်ကို အထင်သေးကြတယ်။ မူမမှန်တဲ့သူလိုမျိုး ကျွန်တော်ကို ဆက်ဆံခဲ့ကြတယ်”လို့ ကာလက်ဘ်က ပြောဖူးပါတယ်။

ကာလက်ဘ်က ကောလိပ်မှာ ပိုပျော်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က သူဟာ Chattahoochee Technical College မှာ တက်ရောက်ခဲ့ပေမဲ့ အခုနှစ်မှာတော့ ဂျော်ဂျီယာနည်းပညာတက္ကသိုလ်မှာ ပြောင်းရွှေ့တက်ရောက်တော့မှာဖြစ်ပါတယ်။ “ကျွန်မတို့တွေက သားလေးကို လက်ခံပေးမယ့် ပတ်ဝန်းကျင်မှာ ရှိစေချင်တယ်”လို့ သူ့ရဲ့အမေ ကလာရီက ဆိုပါတယ်။ Georgia Institute of Technology က Aerospace Engineeringပညာရပ်ရဲ့ပါမောက္ခ မက်ခ် ကိုစတယ်လိုကတော့ ဒီပညာရပ်အတွက် ကာလက်ဘ်က ပြီးပြည့်စုံတဲ့ကျောင်းသားဖြစ်ပြီး သူ သွားချင်တဲ့လမ်းကြောင်းမှာ အရမ်းအောင်မြင်ပါလိမ့်မယ်လို့ ပြောပါတယ်။

ရေရှည်အတွက် ကာလက်ဘ်က SpaceX တည်ထောင်သူ အီလွန်မာ့စ်ဆီမှာ အလုပ်သင်လုပ်ရဖို့ မျှော်လင့်နေပါတယ်။ “ကျွန်တော် ဖြစ်ချင်သလို ဖြစ်တဲ့အခါ အာကာသကို သွားချင်ပါတယ်။ လေကြောင်းနဲ့အာကာသပညာဆိုင်ရာ အင်ဂျင်နီယာပညာရပ်က အကောင်းဆုံးလမ်းကြောင်းဖြစ်မယ်လို့ ကျွန်တော်တွက်ဆထားတယ်”လို့ ကာလက်ဘ်က ဆိုပါတယ်။

Ref: Ladbible “Brainy 12-Year-Old Starts Second Year Of Aerospace Engineering Degree”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top