ဘရာဇီးအကျဉ်းထောင်တွေမှာ စာဖတ်တဲ့ အကျဉ်းသားတွေကို လျှော့ရက် ခံစားခွင့်ပေး

11.7.23-yyl-8.jpg

ဘရာဇီးနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ စာအုပ်တစ်အုပ်ဖတ်ပြီး စာအုပ်အကြောင်း ပြန်ရေးပြနိုင်တဲ့ အကျဉ်းသားတွေကို လျှော့ရက် ၄ ရက်အထိ သတ်မှတ်ပေးပြီး တစ်နှစ်ကို လျှော့ရက် ၄၈ ရက်အထိ ခံစားခွင့် ပြုထားပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှု အထူပြောဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဘရာဇီးအကျဉ်းထောင်တွေထဲမှာ အန္တရာယ်အရှိဆုံးလူတွေ ရှိနေပါတယ်။

အကျဉ်းသားအများစုဟာ ဆင်းရဲနွမ်းပါးပြီး ပညာရေးချို့တဲ့တဲ့ အသိုင်းအဝိုင်းကနေ ကြီးပြင်းလာသူတွေ ဖြစ်လို့ အကျဉ်းသားတွေ ပညာရေးနဲ့ ထိတွေ့ခွင့် ရစေဖို့၊ ထောင်ကလွတ်ရင် ရာဇဝတ်မှုတွေ ထပ်မကျူးလွန်စေဖို့ ရည်ရွယ်ပြီး ဘရာဇီးအစိုးရက အခုလို ဥပဒေပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာလည်း အကျဉ်းသားတွေ စာဖတ်နိုင်စေဖို့ စီစဉ်ပေးထားပြီး ထောင်ထဲမှာတင် ဘွဲ့ယူလို့ရအောင် ဖန်တီးပေးထားပါတယ်။ ဒါပေမဲ့ ဖင်လန်နိုင်ငံမှာတော့ စာအုပ်ဖတ်တဲ့အကျဉ်းသားတွေကို လျှော့ရက်ခံစားခွင့် ပေးခြင်း မရှိပါဘူး။

Ref: Brazil: Reading books can reduce prison sentence

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top