အီလွန်မက်စ်ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို ခြေရာခံလို့ အပိတ်ခံရတဲ့တွစ်တာအကောင့်က Threads အက်ပ်မှာ ရှိနေပြီ

11.7.23-yyl-7.jpg

ဂျက်ခ် ဆွီနေးရဲ့ တွစ်တာအကောင့် ElonJet က အီလွန်မက်စ်ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ရဲ့တည်နေရာကို ခြေရာခံခဲ့တဲ့အတွက် ပိတ်သိမ်းခံခဲ့ရတာပါ။ အခုတော့ ElonJet ဆိုတဲ့အကောင့်က Meta ရဲ့ Threads အက်ပ်မှာ ရှိနေပါပြီ။ ဂျက်ခ်က အခုလက်ရှိမှာ သူ့ရဲ့Threads အကောင့်ကို Update တွေ ဆက်လုပ်ဖို့ စီစဉ်နေပေမဲ့ Meta က သူ့ကို ပို့စ်တင်တာတွေ ခွင့်ပြုပေးဖို့ မျှော်လင့်တယ်လို့ Insider ကို ပြောကြားခဲ့တာပါ။

ElonJet က အီလွန်မက်စ်ရဲ့ လေကြောင်းခရီးစဉ်ကို စောင့်ကြည့်ဖို့အတွက် တီထွင်ထားတဲ့ ဘော့တ် (bot)ကို အသုံးပြုပြီး အီလွန်မက်စ်ရဲ့လေယာဉ်ထွက်ခွာတဲ့ အချိန်၊ ဆင်းသက်တဲ့အချိန်၊ ခရီးတစ်ခုစီရဲ့ကြာချိန်တို့ကို ဖော်ပြပေးပါတယ်။ အကောင့်ပိုင်ရှင် ဂျက်ခ်က အခြားနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ဂျက်လေယာဉ်တည်နေရာတွေကိုလည်း ခြေရာခံခဲ့တာပါ။

အခုလိုခြေရာခံခဲ့တဲ့ ဂျက်ခ်ရဲ့အကောင့်အားလုံးက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ပိတ်သိမ်းခံလိုက်ရတာပါ။ အဲဒီတုန်းက အီလွန်မက်စ်ကလည်း ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ချိုးဖောက်ရာကျတဲ့အတွက် လူတွေရဲ့တည်နေရာတွေကို အချိန်နဲ့တပြေးညီဖော်ပြတဲ့ ဘယ်လိုအကောင့်မျိုးကိုမဆို ရပ်ဆိုင်းပစ်မယ်လို့ ပြောခဲ့တာပါ။

Ref: Suspended Twitter Account Tracking Elon Musk’s Jet Moves To Threads

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top