အမေရိကန်နဲ့ ရှေ့ဆက်လက်တွဲဖို့ လိုအပ်ခြင်း ရှိ၊ မရှိ မြောက်ကိုရီးယား မေးခွန်းထုတ်

12-6-2020-yyl-044.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေး ကျင်းပခဲ့တဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာပဲ မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံနဲ့ ရှေ့ဆက်လက်တွဲဆောင်ရွက်ဖို့ လိုအပ်သလားဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ထောင်နိုင်ခဲ့တာဟာ သူ့ရဲ့သမ္မတသက်တမ်းမှာ အောင်မြင်မှုတစ်ရပ်လို့ သတ်မှတ်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက်တော့ မြောက်ကိုရီးယားနိုင်ငံရဲ့ မှတ်ချက်က ထိုးနှက်ချက်တစ်ရပ်ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေး သိသိသာသာ တိုးတက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံမှာ သမိုင်းဝင် ဆွေးနွေးပွဲလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တိုးတက်မှုတစ်စုံတရာ မရှိခဲ့ပါဘူး။ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးအခြေအနေဟာ လွန်ခဲ့သည့်နှစ်နှစ်မှာ တစ်ကမ္ဘာလုံး စောင့်ကြည့်ခဲ့ရတဲ့အထိ မျှော်လင့်ချက် မြင့်မားခဲ့ပေမဲ့ အခုအခါမှာတော့ လက်မှိုင်ချစရာ အခြေအနေဖြစ်လာပြီလို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဆန်ဂွမ်က ပြောပါတယ်။ ” ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ စည်ပင်ဝပြော ကြွယ်ဝရေးအတွက် အကောင်းမြင် မျှော်လင့်ချက်သဲ့သဲ့လေးတောင် အိပ်မက်ဆိုးကြားမှာ လွင့်စင်ပျောက်ကွယ်သွားပါပြီ”လို့ ရီဆန်ဂွမ်က ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း တောင်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးလုံးဝဖြတ်တောက်ပစ်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top