Amazon ရဲ့ ခေတ်သစ် နည်းပညာ ကုန်စုံဆိုင်

yyl-intl-04.png

အခုဆိုရင်တော့ Amazon ဟာ အင်တာနက်ပေါ်မှာ ကုန်ပစ္စည်းတွေ ရောင်းချရုံသာမက လက်တွေ့မှာလည်း ခေတ်ရှေ့ပြေးတဲ့နည်းလမ်းတစ်ခုနဲ့ ဈေးကွက် စတင်ထိုးဖောက်လာပြီ ဖြစ်ပါတယ်။ ဒါကတော့ ကိုယ်ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေကို check out လုပ်စရာ မလိုတော့ပါဘူး။ လုပ်စရာ ကောင်တာလည်း မရှိပါဘူး။ ဆီးယက်တယ်မြို့ (Seattle) မှာ ဖွင့်လှစ်ခဲ့တဲ့ Amazon Go ဆိုတဲ့ ဒီစတိုးဆိုင်လေးမှာ ဈေးဝယ်သူတွေဟာ Amazon အကောင့်ရှိရုံနဲ့ ကုန်ပစ္စည်းတွေကို စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

ကောင်တာမရှိဘူး check out မလုပ်ရဘူးဆိုတော့ ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ကို ဘယ်လိုပေးချေပါမလဲ။ တစ်ဆိုင်လုံးမှာ sensor တွေ ကင်မရာတွေ မြောက်များစွာ တပ်ဆင်ထားပြီး ဆိုင်ထဲကို ဝင်လိုက်တာနဲ့ စတင်အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ရထားစီးရင် ကတ်ဖြတ်ရသလိုမျိုး ဆိုင်ထဲဝင်လိုက်တာနဲ့ ဖုန်းကနေတစ်ဆင့် Amazon Go အကောင့်ကိုပြပြီး ဖြတ်သန်းရပါမယ်။ ဈေးဝယ်သူ shopping bag ထဲ ထည့်လိုက်တဲ့ ကုန်ပစ္စည်းတိုင်းအတွက် အာရုံခံစနစ်အသုံးပြုပြီး ဈေးဝယ်သူရဲ့ အကောင့်ထဲက ဈေးဝယ်ကတ် bill ထဲကို ထပ်ထပ်ပေါင်းထည့်ပေးနေမှာ ဖြစ်ပါတယ်။ အရက်တွေဘာတွေ ဝယ်မယ်ဆိုရင်တော့ အသက်ပြည့်မပြည့် ID စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ဈေးဝယ်တာ အကုန်ပြီးပြီဆိုရင်တော့ အလိုလျောက် bill တွက်ပေးပြီး ဈေးဝယ်သူရဲ့ အကောင့်ထဲကနေ ဖြတ်လိုက်ပါတယ်။ ဆိုင်ထဲက ပြန်ထွက်ခါနီး bill စာရွက်လေး အလိုလျောက်ထုတ်ပေးမှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ public အထိမဖွင့်သေးပဲ လက်ကားဝယ်ယူသူတွေ ဝန်ထမ်းတွေနဲ့သာ စမ်းသပ်ဖွင့်လှစ်နေတာဖြစ်ပါတယ်။ public ကို မြန်မြန်ချပြီး အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ အခုအချိန်ထိတော့ sensor ပိုင်းဆိုင်ရာကို ပိုမိုပြည့်စုံအောင် လုပ်ဆောင်နေပါတယ်။

Ref: BBC : Amazon opens a supermarket with no checkouts

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top