“ခေါင်းစွပ်နီမိန်းကလေး” နဲ့ ဝံပုလွေအဖြစ် သရုပ်ဖော်ထားတဲ့ ကလေးမလေးနဲ့ ခွေးလေး

15.8.23-yyl-6.jpg

ပုံမှာ မြင်တွေ့ရဲ့ကလေးမလေးနဲ့ သူ့ရဲ့ဟက်စကီးခွေးလေးတို့က သူတို့ရဲ့ချစ်စရာကောင်းတဲ့ဝတ်စုံလေးတွေကြောင့် လူမှုကွန်ယက်မှာ လူသိများသွားခဲ့ပါတယ်။ အေဂါတာ အမည်ရတဲ့ အဲဒီကလေးမလေးဟာ နတ်သမီးပုံပြင်ထဲက ဇာတ်ကောင် “ခေါင်းစွပ်နီမိန်းကလေး” (Little Red Riding Hood) ပုံစံမျိုး ဝတ်ဆင်ပြီး အီတလီနိုင်ငံ၊ Cortina d’Ampezzo မြို့လေးက ပွဲတော်တစ်ခုကို ဆင်နွှဲနေခဲ့တာပါ။

အေဂါတာရဲ့ဘေးမှာ သူ့ရဲ့အပေါင်းအဖော်ဖြစ်တဲ့ ဟက်စကီးခွေးလေးကလည်း အဖော်ပြုပေးနေတဲ့ မြင်ကွင်းက လူအများကို သတိထားမိသွားစေခဲ့ပါတယ်။ ဟက်စကီးခွေးလေးကလည်း the Big Bad Wolf ဇာတ်ကောင်လိုမျိုး ဝတ်ဆင်ထားတာပါ။ အေဂါတာနဲ့ဟက်စကီးခွေးလေးတို့က အရမ်းကို လိုက်ဖက်ကြည့်ကောင်းနေကြတာပါ။ သူတို့က တွေ့ဖူးသမျှ ချစ်စရာအကောင်းဆုံး ခေါင်းစွပ်နီမိန်းကလေးနဲ့ the Big Bad Wolf ပါပဲ။

Ref: Little Child Dressed Up As Red Riding Hood And Her “Big Bad Wolf” Husky Are So Adorable They Go Viral

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top