မင်္ဂလာပွဲနေ့မှာ သတို့သားပျောက်သွားလို့ သတို့သားအဖေနဲ့ လက်ထပ်ခဲ့ရသူ

6.9.23-yyl-၆.jpg

မင်္ဂလာပွဲနေ့မှာ သတို့သား ပျောက်သွားလို့ သတို့သမီးက သတို့သားရဲ့အဖေနဲ့ လက်ထပ်လိုက်ရတဲ့ဖြစ်ရပ်တစ်ခု အင်ဒိုနီးရှားမှာ ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမီဒီယာတွေကတော့ သတို့သမီးရဲ့အမည်ကို SA လို့ အတိုကောက်ဖော်ပြကြပါတယ်။ SA ဟာ သတို့သားနဲ့ နှစ်ရှည်လများ ချစ်ကြိုက်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၉ ရက်မှာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။

ဒါပေမဲ့ မင်္ဂလာဆောင် နေ့မှာ သတို့သား ပျောက်သွားလို့ မင်္ဂလာပွဲ ပျက်မလို ဖြစ်ခဲ့ရပါတယ်။ မင်္ဂလာပွဲအတွက် အမေရိကန်ဒေါ်လာ ၁၇၀၀ ( မြန်မာငွေ သိန်း ၆၀ ကျော်) အကုန်အကျခံထားရပြီး တင်တောင်းငွေလည်း ပေးထားရတဲ့အတွက် သတို့သမီးရဲ့ မိသားစုက မင်္ဂလာပွဲ အပျက်မခံနိုင်ဘူးလို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သတို့သားရဲ့အဖေက သူ့သားနေရာမှာ အစားဝင်ပြီး SA နဲ့ လက်ထပ်ခဲ့တာပါ။

ငိုအားထက် ရယ်အားသန်ဖြစ်ရတဲ့ ဒီဖြစ်ရပ်ဟာ အင်ဒိုနီးရှားလူမှုကွန်ရက်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီး ” အဖေ့ဇနီး ကျွန်တော့်အဆက်ဟောင်း” လို့ မှတ်ချက်ပေးသူက ပေး၊ ” ငွေဆုံးမှာ ကြောက်လို့ ကိုယ့်သမီးကို သူမလိုချင်တဲ့ အိမ်ထောင်ရေး ထောင်ချောက်ထဲ တွန်းပို့သတဲ့လား”လို့ ဝေဖန်သူကလည်း ဝေဖန်ခဲ့ပါတယ်။

Ref: Bride Ends Up Marrying Father-in-Law After Groom Flees From Wedding

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply