မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းထွက်ခဲ့ရတဲ့ ဂျန်နာ အော်တီဂါ

6.9.23-yyl-၂.jpg

Wednesday ဇာတ်ကောင်မင်းသမီး အသက် ၂၀ အရွယ် ဂျန်နာ အော်တီဂါဟာ မကြာသေးခင်က အသက် ၆၀ အရွယ် မင်းသားကြီး ဂျွန်နီဒက်ပ်နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီသတင်းက လုံးဝမှားယွင်းတယ်ဆိုတာကို ဂျန်နာက သူ့ရဲ့အင်စတာဂရမ် Story မှာ ရေးသားငြင်းဆိုခဲ့ပါတယ်။ “ဒါဟာ ရယ်တောင်မရယ်နိုင်တော့လောက်အောင် အရမ်းအခြေအမြစ်မရှိပါဘူး။ ကျွန်မရဲ့ဘဝမှာ ဂျွန်နီဒက်ပ်နဲ့ တစ်ခါမှ မဆုံခဲ့ဖူးသလို အလုပ်လည်း တွဲမလုပ်ခဲ့ဖူးပါဘူး။ ကျေးဇူးပြုပြီး အလိမ်အညာတွေဖြန့်နေတာ ရပ်တန့်ပေးပါ”တဲ့။

ဂျွန်နီဒက်ပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း ဒီကောလဟာလသတင်းကို အလခုလို ရှင်းလင်းပေးခဲ့ပါတယ်။ “မစ္စတာဒက်ပ်က မစ္စအော်တီဂါနဲ့ ပုဂ္ဂိုလ်ရေးအရာရော၊ အလုပ်သဘောအရပါ ပတ်သက်တဲ့ ဆက်ဆံရေးမရှိပါဘူး။ သူ့ကို တစ်ခါမှမတွေ့ဖူးသလို စကားလည်းမပြောဖူးပါဘူး။ သူပါတဲ့ ဇာတ်ကားတွေမှာလည်း မစ္စတာဒက်ပ် မပါဝင်ထားပါဘူး။ မစ္စတာဒက်ပ်ရဲ့ဂုဏ်သိက္ခာနဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေဖို့ ရည်ရွယ်တဲ့ အခြေအမြစ်မရှိ ဆိုးရွားတဲ့ ကောလဟာလတွေကြောင့် သူ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်”

DeuxMoi အမည်ရတဲ့ Hollywood Gossip အကောင့်က ဂျွန်နီဒက်ပ်နဲ့ ဂျန်နာအော်တီဂါတို့ကို အတူတူမြင်တွေ့ခဲ့ရပြီး Beetlejuice 2 မှာ အတူပါဝင်နေတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ အခုလိုကောလဟာလသတင်းထွက်ရှိခဲ့ရတာပါ။ Beetlejuice 2 ဇာတ်ကားမှာ ဂျွန်နီဒက်ပ် ပါဝင်မှာမဟုတ်ဘဲ ဂျန်နာအော်တီဂါပဲ ပါဝင်မှာဖြစ်ပါတယ်။

Ref: Wednesday Star Jenna Ortega Dismisses Johnny Depp Dating Rumours: “This Is So Ridiculous”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top