အချက်အလက် မှားနေတယ်လို့ သတင်းထောက်က ထောက်ပြခဲ့ပြီးနောက် စာနယ်ဇင်း ရှင်းလင်းပွဲကနေ ရုတ်တရက် ထွက်သွားခဲ့တဲ့ ဒေါ်နယ်ထရမ့်

10-8-2020-yyl-017.jpg

စစ်မှုထမ်းဟောင်းတွေကို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူ ပြောနေတာ မှားနေတယ်လို့ သတင်းထောက်တစ်ယောက်က ထောက်ပြခဲ့ပြီးနောက်မှာတော့ ဒေါ်နယ်ထရမ့်က စာနယ်ဇင်းရှင်းလင်းပွဲကနေ ကောက်ခါငင်ကာ ထွက်သွားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့စနေနေ့က နယူးဂျာစီပြည်နယ်က သူပိုင်ဆိုင်တဲ့ ဘတ်မင်စတာဂေါ့ဖ်ကလပ်မှာ စာနယ်ဇင်းရှင်းလင်းပွဲလုပ်ခဲ့ပြီး စစ်မှုထမ်းဟောင်းတွေ ဆေးကုသခွင့်ရစေမယ့် Veterans Choice ဥပဒေကို သူ အတည်ပြုပေးခဲ့တာလို့ ပြောပါတယ်။

” အဲဒီအစီအစဉ်ကို အတည်ပြုဖို့ သူတို့ ကြိုးစားလာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။ ဘယ်သမ္မတကမျှ အတည်မပြုနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့တော့ လုပ်နိုင်ခဲ့တယ်”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ တကယ်တမ်းမှာတော့ Veterans Choice ဥပဒေ ဖြစ်လာအောင် ၂၀၁၄ ခုနှစ်မှာ အမေရိကန်သမ္မတ (ဟောင်း) အိုဘားမားက လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့တာပါ။ အဲဒီဥပဒေဟာ ပါတီနှစ်ခုရဲ့ ပူးပေါင်းတင်သွင်းမှုဖြစ်ပြီး ဒေါ်နယ်ထရမ့် မကြာခဏဝေဖန်လေ့ရှိတဲ့ ဗားမွန့်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ရီပတ်ဗလစ်ကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ ဦးဆောင်ဦးရွက်ပြုခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ VA MISSION Act ဥပဒေကတော့ Veterans Choice ဥပဒေမှာ အကျုံးဝင်စေမယ့် အချက်အလက်တွေကို ပြင်ဆင်၊ ဖြည့်စွက်ခဲ့တာပဲ ဖြစ်ပါတယ်။ တခြားသူတွေ နှစ် ၅၀ လောက် မလုပ်နိုင်ခဲ့တဲ့ Veterans Choice ဥပဒေကို သူက ဖော်ဆောင်ခဲ့တာလို့ ဒေါ်နယ်ထရမ့်က အကြိမ် ၁၅၀ ကျော် ပြောခဲ့ဖူးပါတယ်။


” Veterans Choice ဥပဒေကို ဥပဒေဖြစ်လာအောင် ခင်ဗျား အတည်ပြုပေးခဲ့တယ်လို့ ဘာကြောင့်ပြောရတာလဲ”လို့ CBS News သတင်းဌာနရဲ့ အိမ်ဖြူတော်သတင်းထောက် ပေါ်လာရိဒ်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က တခြားသတင်းထောက်တစ်ယောက်ကို အလှည့်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ ပေါ်လာရိဒ်က ” Veterans Choice ကို ခင်ဗျား အတည်ပြုပေးခဲ့တာလို့ ပြောတယ်နော်။ အဲဒီဥပဒေကို ၂၀၁၄ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တာပါ။

ခင်ဗျားပြောတဲ့အချက်အလက်က မှားနေပါတယ်ခင်ဗျာ”လို့ ထပ်ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေါ်နယ်ထရမ့်က စာနယ်ဇင်းရှင်းလင်းပွဲကို ရပ်နားပြီး ” အိုကေ။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်”လို့ ပြောပြီး စာနယ်ဇင်းရှင်းလင်းပွဲကနေ ထွက်သွားခဲ့တာပါ။ ဒေါ်နယ်ထရမ့်ဟာ အရင်တုန်းက Veterans Choice ဥပဒေနဲ့ပတ်သက်ပြီး အခုလို ထောက်ပြပြောဆိုတာမျိုး မကြုံခဲ့ဖူးပါဘူး။

Ref: CNN ” Trump walks out of news conference after reporter asks him about Veterans Choice lie he’s told more than 150 times”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top