ရေအောက်ကို သွားရောက်ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ဦးရဲ့ပထမဆုရ ဝေလငါးသင်္ချိုင်းဓာတ်ပုံ

9-29-2022-yyl-07.jpg

ပထမဆုရ ဝေလငါးသင်္ချိုင်းဓာတ်ပုံ

ဓာတ်ပုံဆရာတစ်ဦးက Scuba Diving ရဲ့ ၂၀၂၂ ခုနှစ် ရေအောက်ဓာတ်ပုံပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါတယ်။ ဆွီဒင်လူမျိုးဓာတ်ပုံဆရာ အဲလက်စ် ဒေါဆန်က ဒိန်းမတ်နိုင်ငံ၊ ဂရင်းလန်းရှိ ဝေလငါးသင်္ချိုင်းတစ်ခုရဲ့ချောက်ချားဖွယ်ရာဓာတ်ပုံနဲ့ ပထမဆုရရှိခဲ့တာပါ။ သူ ရိုက်ကူးခဲ့တဲ့ ဝေလငါးသင်္ချိုင်းဓာတ်ပုံအနည်းငယ်ကို တွစ်တာအကောင့်မှာ တင်ပေးခဲ့ပါတယ်။

“မြင်ကွင်းကျယ်အမျိုးအစားအတွက် ကျွန်တော်ရဲ့ပုံကို ၂၀၂၂ ခုနှစ်ရဲ့ဓာတ်ပုံဆုရှင်အဖြစ် Scuba Diving Magazine က ရွေးချယ်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ အခြားဓာတ်ပုံကလည်း ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ချီးမြှင့်ခံရပါတယ်။ ပထမဆုံအတွက် အရမ်းကျေးဇူးတင်ရှိပါတယ်”ဆိုတဲ့စာသားကိုလည်း ရေးသားထားပါတယ်။

အဲလက်စ် ဒေါဆန်နဲ့ သူ့ရဲ့သူငယ်ချင်း အန်နာ ဗွန် ဘိုတီဆာတို့ ရေအောက်မှာရှိနေတဲ့ဓာတ်ပုံ

သူတင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာ ဒေါဆန်နဲ့ သူ့ရဲ့သူငယ်ချင်း အန်နာ ဗွန် ဘိုတီဆာတို့ကို Tasiilaq ပင်လယ်အော်က ၃ ပေရှိတဲ့ ရေခဲတွေအောက်မှာ ရှိနေတာကို ပြသထားပါတယ်။ ပထမဆုရဓာတ်ပုံကို ရိုက်ကူးဖို့အတွက် ဝေလငါးအသေကောင် ၂၀ နီးပါးကြားမှာ ဒေါဆန်တို့ ကူးခတ်ခဲ့ရတာပါ။ ပုံမှန်ဆိုရင် ဝေလငါးအရိုးတွေကို မြင်ချင်ရင် ရေငုပ်သင်္ဘောတစ်စင်းလိုပါတယ်။ ဒါပေမဲ့ ဂရင်းလန်းမှာတော့ ရေမျက်နှာပြင်အောက် ပေ ၁၅ – ပေ ၂၀ အကွာလောက်မှာပဲ ဝေလငါးအရိုးတွေ ရှိတဲ့အတွက် ရေငုပ်သင်္ဘောမလိုအပ်ဘူးလို့ ဒေါဆန်က ဆိုပါတယ်။

ဓာတ်ပုံကို ရိုက်ကူးဖို့အတွက် ဒေါဆန်က ရေခဲပြင်အောက်မှာ တစ်နာရီကျော်လောက် ကူးခတ်ခဲ့ရပါတယ်။ တစ်ခုတည်းသောဝင်ပေါက်က ရေခဲအတွင်း လူသားအရွယ်အစားအပေါက်ငယ်တစ်ခုကို ဖြတ်သွားရတာပါ။ အဲလစ်စ် ဒေါဆန် အဲဒီလိုအပင်ပန်းခံစွန့်စားပြီး ရိုက်ကူးခဲ့ရတဲ့ ဓာတ်ပုံက ပထမဆုရသွားခဲ့တဲ့အတွက် ပင်ပန်းရကျိုးနပ်ခဲ့ပါတယ်။

Ref: Photographer Goes Scuba Diving To Click The Most Epic Photos Of Whale Graveyard, Wins Award For It

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top