ကမ္ဘာဂြိုဟ်ဆီ ဦးတည်လာမယ့် ဥက္ကာခဲတွေကို အာကာသယာဉ်နဲ့ ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းဖို့ နာဆာ စမ်းသပ်

9-30-2022-yyl-04.jpg

ကမ္ဘာဂြိုဟ်ကို ဥက္ကာခဲတွေ ဦးတည်လာရင် အာကာသယာဉ်နဲ့ ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းလဲမယ့် ကြိုးပမ်းမှုကို နာဆာအဖွဲ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ Dimorphos လို့ အမည်ပေးထားတဲ့ ဥက္ကာခဲကို ဝင်တိုက်ဖို့အတွက် Double-Asteroid Redirection Test (သို့မဟုတ်) DART ဆိုတဲ့ အာကာသယာဉ်ကို နေစကြာဝဠာရဲ့ ဝေးလံခေါင်သီတဲ့နေရာအထိ ပို့ဆောင်ခဲ့တာပါ။

Dimorphos ဆိုတဲ့ ဥက္ကာခဲဟာ Didymos ဆိုတဲ့ ဧရာမအစိုင်အခဲကြီးကို လှည့်ပတ်နေတာပါ။ အဲဒီအစိုင်အခဲ ၂ ခုလုံးက ကမ္ဘာဂြိုဟ်ကို ဝင်တိုက်မယ့် အန္တရာယ်မရှိပေမဲ့ စမ်းသပ်မှုလုပ်ဖို့ အကောင်းဆုံးအခြေအနေ ဖြစ်လို့ အခုလို စမ်းသပ်ခဲ့တာပါ။ DART ဝင်တိုက်ခဲ့လို့ Didymos အစိုင်အခဲကို လှည့်ပတ်နေတဲ့ ဥက္ကာခဲရဲ့လမ်းကြောင်း ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ စုံစမ်းစစ်ဆေးရေးအဖွဲကက မြေပြင်အခြေစိုက် နက္ခတာရာကြည့်မှန်ပြောင်းတွေနဲ့ လေ့လာစောင့်ကြည့်သွားမှာပါ။ DART ဝင်တိုက်ခဲ့လို့ Dimorphos ဥက္ကာခဲရဲ့ လှည့်ပတ်မှုကို ၁ ရာခိုင်နှုန်း၊ အချိန် ၁၀ မိနစ်ဝန်းကျင်လောက် တိုတောင်းသွားစေလိမ့်မယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။

စတေးခံခရီးစဉ် စေလွှတ်ရာမှာ အသုံးပြုတဲ့ DART အာကာသယာဉ်ကို လမ်းပြကိရိယာ၊ Didymos နဲ့ Dimorphos တို့ကို ဓာတ်ပုံရိုက်ကူးဖို့ ကင်မရာနဲ့ အီတလီအာကာသအေဂျင်စီက ဖန်တီးထားတဲ့ ကုဗတုံးပုံစံ အသေးစားဂြိုဟ်တုစတဲ့ ကိရိယာ ၃ ခုတည်း တပ်ဆင်ခဲ့တာပါ။နာဆာက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုအရ DART အာကာသယာဉ်ဟာ တစ်နာရီ မိုင် ၁၄၀၀၀ နှုန်းနဲ့ ဥက္ကာခဲဆီသို့ ဦးတည်သွားခဲ့တာ တွေ့ရပါတယ်။

Ref:NASA Celebrates World First: Smashing a Spacecraft into an Asteroid to Practice Saving Humanity

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top