ကုန်တင်သင်္ဘောတစ်စင်း ဝင်တိုက်ခဲ့မိလို့ တရုတ်နိုင်ငံမှ တံတားတစ်စင်း နှစ်ပိုင်းပြတ်သွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ လီစင်းရှာတံတားကို ကုန်တင်သင်္ဘောက ဝင်တိုက်မိခဲ့လို့ တံတား ထက်ပိုင်းပြတ်သွားချိန်မှာ ကားနှစ်စီး မြစ်ထဲပြုတ်ကျပြီး ကား ၃ စင်းကတော့ သင်္ဘောပေါ် ပြုတ်ကျခဲ့ပါတယ်။
အခင်းဖြစ်ပွားပြီးချိန် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ထက်ပိုင်းပြတ်သွားတဲ့ တံတားအောက်မှာ ကုန်တင်သင်္ဘောတစ်စီးကို တွေ့ရမှာဖြစ်ပြီး သင်္ဘောဘေးမှာတော့ ရဲသင်္ဘောတွေ ကပ်ထားပါတယ်။ ကွမ်ကျိုးမြို့မှာရှိတဲ့ လီစင်းရှာတံတားဟာ နိုင်ငံတကာကုန်သွယ်ရေကြောင်းရဲ့ အချက်ချာကျတဲ့ နေရာတစ်ခုပါ။ တံတားကို ပြင်ဆင်မွမ်းမံဖို့ စီစဉ်ထားပေမဲ့ ပင်မအဆောက်အအုံပိုင်း ထိခိုက်မှာစိုးရိမ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာပါ။
Ref:Bridge snaps in half in deadly cargo ship crash
NZ ( ရိုးရာလေး)