နှာခေါင်းထဲ မီးခြစ်ဆံ ၆၈ ချောင်းထည့်ပြပြီးတော့ ဂင်းနက်စ်စံချိန်တင်ခဲ့သူ

22.2.24-yyl-4.jpg

အသက် ၃၉ နှစ်အရွယ် ဒိန်းမတ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့နှာခေါင်းပေါက်အတွင်း မီးခြစ်ဆံ ၆၈ ချောင်း ထည့်ပြနိုင်ခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ ပီတာဗွန် တန်ဂန်ဆိုတဲ့ အဲဒီအမျိုးသားဟာ နှာခေါင်းအတွင်း မီးခြစ်ဆံအများကြီးထည့်ထားနိုင်တဲ့အတွက် အခုလိုဂင်းနက်စံချိန်ချိုးခဲ့တာပါ။ သူဟာ ဒီစံချိန်ကို ကိုင်ဆောင်ထားတဲ့ ပထမဆုံးလူဖြစ်ပါတယ်။

သူ လုပ်နိုင်မယ့် ကွဲပြားခြားနားတဲ့ စံချိန်ကို ချိုးဖို့ စဉ်းစားပြီးတဲ့နောက်မှာ မီးခြစ်ဆံ Challenge ကို ရွေးချယ်ခဲ့တာပါ။ ကလေးတစ်ယောက်အနေနဲ့တောင် နှာခေါင်းထဲ အရာဝတ္ထုတွေထည့်ဖို့ သူ မတိုက်တွန်းခဲ့ဖူးတဲ့အတွက် ဒီစိတ်ကူးက နည်းနည်းကြောင်တိကြောင်တောင်နိုင်တယ်လို့ သူက ဝန်ခံထားပါတယ်။

သူ့ရဲ့နှာခေါင်းက ၆၈ ချောင်းအထိ အမြင့်ဆုံးစွမ်းဆောင်နိုင်ပေမဲ့ အနာဂတ်မှာ သူ့ရဲ့စံချိန်ကို ထပ်တိုးနိုင်ခြေရှိတာကိုလည်း ငြင်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့ကိုယ်ပိုင်ကမ္ဘာ့စံချိန်သစ်တင်ရတဲ့အတွက် ဝမ်းမြောက်တယ်လို့ သူက ပြောပါတယ်။ အခုဆို သူက အခုစံချိန်လိုပဲ နောက်ထပ်ကမ္ဘာ့စံချိန်ချိုးဖို့ စဉ်းစားနေပါတယ်။

Ref: Danish Man Stuffs 68 Matchsticks Into Nostrils, Sets Guinness World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top