လူ ၂ သန်းကို ကူညီပေးခဲ့တဲ့ ဗြိတိန်ရဲ့အကြင်နာတတ်ဆုံး ပိုက်ပြင်သမား

6-7-2022-06.jpg

ပိုက်ပြင်သမား အန်ဒါဆင်ဟာ DEPHER( မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ပိုက်ပြင်စရာနဲ့ အပူပေးစက် အရေးပေါ်ပြင်ဆင်ပေးခြင်း)လို့ အမည်ရတဲ့ လူထုအကျိုးပြုအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားသူပါ။ဘန်လေမြို့မှာ အခြေစိုက်တဲ့ သူတို့အဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ဗြိတိန်နိုင်ငံတစ်ဝန်းက မိသားစု ၅၂၀၀၀၊ လူ ၂ သန်းဝန်းကျင်ကို ကူညီပေးခဲ့ကြတာပါ။

သူတို့ဟာ ပိုက်ပြင်တာနဲ့ အပူပေးစက် အရေးပေါ် ပြင်ဆင်ပေးရုံတင်မကဘဲ (မမျှော်လင့်တဲ့ အခြေအနေကြောင့်) ငွေတောင်းခံလွှာ မပေးချေနိုင် ဖြစ်နေသူတွေအတွက် ကြားထဲကနေ ငွေပေးချေပေးတာ၊ အစားအစာပါဆယ်ထုပ်တွေ ပို့ပေးတာ၊ ဈာပနစရိတ် ကျခံပေးတာ အစရှိတာတွေလည်း လုပ်ပေးနေပါတယ်။

အဲဒါကြောင့်လည်း အန်ဒါဆင်ကို ဗြိတိန်နိုင်ငံရဲ့ အကြင်နာတတ်ဆုံး ပိုက်ပြင်သမား၊ မျက်မှောက်ခေတ်သူရဲကောင်းလို့ တင်စားနေကြတာပါ။

Ref: “Britain’s Kindest Plumber”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top