ရုပ်ရှင်ထဲက ဂျိမ်းစ်ဘွန်းဇာတ်ကောင်နည်းတူ သူကောင်းဘွဲ့ ချီးမြှင့်ခံခဲ့ရတဲ့ မင်းသား ဒန်နီယယ်ခရိတ်

19-10-2022-yyl-13.jpg

ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ်ဟာ ရုပ်ရှင်ထဲက ဂျိမ်းစ်ဘွန်းဇာတ်ကောင်နည်းတူ Companion of the Order of St Michael and St George သူကောင်းဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။ ရုပ်ရှင်လောကမှာ သူ့ရဲ့ ပြောင်မြောက်တဲ့ ပံ့ပိုးမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အဲလိစဘတ်(၂) ဘုရင်မကြီးရဲ့ သမီးတော် မင်းသမီးအန်းနီက ဝင်ဆာရဲတိုက်မှာ သူကောင်းဘွဲ့ ချီးမြှင့်ခဲ့တာပါ။

အသက် ၅၄ နှစ်အရွယ်ရှိတဲ့ ဒန်နီယယ်ခရိတ်ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကြားကာလအတွင်း ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား ၅ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ဗြိတိန်စာရေးဆရာ အီယန်ဖလမ်းမင်းရဲ့ ဇာတ်ကောင် ဂျိမ်းစ်ဘွန်းဟာလည်း Order of St Michael and St George ဘွဲ့ ရရှိခဲ့ပါတယ်။

မော်လ်တာနဲ့ အိုင်အိုနီယန်းကျွန်းတွေမှာ စစ်မှုထမ်းခဲ့တဲ့ ဗြိတိန်နိုင်ငံသားတွေရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ၁၈၁၈ ခုနှစ်မှာ အိမ်ရှေ့မင်းသား ( နောက်ပိုင်းတွင် ဂျော့ဘုရင် – ၄ )က စတင်ပေးအပ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပြည်ပမှာနေထိုင် (သို့) တာဝန်ထမ်းဆောင်တဲ့ ဗြိတိန်နိုင်ငံသားတွေပါ အကျုံးဝင်တဲ့ ဆုအဖြစ် ပြောင်းလဲခဲ့တာပါ။

Ref: Daniel Craig receives same honour as his iconic character James Bond in investiture ceremony with Princess Royal at Windsor Castle

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top